ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် မြေယာပျက်စီးမှု “သုညတိုးတက်မှု”ကို အကောင်အထည်ဖော်ရန် ရှေ့ဆောင်ရှေ့ရွက်ပြုပြီး သဲကန္တာရမြေ အလုံးစုံ တိုးတက် ကောင်းမွန်လာ

CRI, November 28, 2024
Size:

   နိုဝင်ဘာလ ၂၅ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော် သစ်တော နှင့်မြက်ခင်းပြင် စီမံအုပ်ချုပ်ရေး ဌာနသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ၊ တရုတ်နိုင်ငံ၌ သဲကန္တာရပြုပြင်ကာကွယ်ခြင်းနှင့် အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်း၊ အနောက် မြောက်ပိုင်းတွင် သစ်တော်စိုက်ပျိုးခြင်းဖြင့် အကာအကွယ်ပေးသည့် စက်ခါးပတ်ကြိုးရပ်ဝန်း တည်ဆောက်ရေး စီမံကိန်း(Three-North Shelterbelt Forest Program) တိုးတက်မှု အခြေအနေများကို အဓိက မိတ်ဆက်ခဲ့ပါသည်။ ၂၀၂၃ခုနှစ် ဇွန်လမှစ၍ တရုတ်နိုင်ငံ သစ်တောနှင့်မြက်ခင်းပြင် စီမံအုပ်ချုပ်ရေး ဌာနသည် ၄င်းစီမံကိန်း၏ ခက်ခဲသောတာဝန်များကို အားသွန် ခွန်စိုက်ဆောင်ရွက်လာခဲ့ ကြောင်း၊ ၂၀၂၄ ခုနှစ် အဓိကလုပ်ငန်း ၂၈၇ခုကို အကောင် အထည်ဖော်ရန် တွန်းအားပေးပြီး တရုတ်မိုပေါင်း ၅၇သန်း ကျယ်ဝန်းသော တည်ဆောက် ရေးတာဝန်အမျိုးမျိုးကို ဆောင်ရွက် ပြီးစီးကာ ခက်ခဲသော တာဝန်များကို ကောင်းမွန်စွာ စတင်ဆောင်ရွက်၍ သဲကန္တာရ ဂေဟ အခြေအနေ ဆက်တိုက် တိုးတက် ကောင်းမွန် လာကြောင်း သတင်းအရ သိရှိရ သည်။