တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ယခုလ ၂၂ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲကို ကျင်းပပြီး၊ နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်တိုးတက်စေရေး အတွက် သက်ဆိုင်ရာ အစီအမံများကို ရှင်းပြခဲ့ပါသည်။ တရုတ် စက်မှုနှင့် သတင်း အချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ခံက ယခုနှစ်တွင် တရုတ် နိုင်ငံ၏ စက်မှုလုပ်ငန်းနယ်ပယ်မှ နိုင်ငံခြားကုန်သွယ်မှုသည် လျင်မြန်စွာ တိုးတက်လာပြီး စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုတည်ငြိမ်စေရန်အတွက် များစွာ အကျိုးပြုခဲ့ရုံသာမက ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် အတွက်လည်း များပြားသော အခွင့်အလမ်းများ ဖန်းတီးပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။