တရုတ်နိုင်ငံ၏ လူလိုက်ပါသော လဆင်းသက်ခြင်းပရောဂျက်သည် ပဏာမနမူနာပုံစံ တီထွင်ထုတ်လုပ်ခြင်းအဆင့်သို့ ဘက်စုံ ဝင်ရောက်

CRI, November 22, 2024
Size:

နိုဝင်ဘာလ ၂၁ရက်နေ့တွင် ရှင်းကျန့်မြို့၌ ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် လူလိုက်ပါသော အာကာသနည်းပညာညီလာခံတွင် တရုတ်နိုင်ငံ လူလိုက်ပါသော အာကာသ စီမံကိန်း၏ ဒီဇိုင်နာချုပ် ကျိုးကျန့်ဖိန်က တရုတ်နိုင်ငံ၏ လူလိုက်ပါသော လကမ္ဘာ စူးစမ်းလေ့လာရေး စီမံကိန်း၏ လူလိုက်ပါသော လဆင်းသက်ခြင်းပရောဂျက်သည် အစောပိုင်းအဆင့် အဓိကနည်းပညာဆိုင်ရာ သုတေသန အောင်မြင်စွာ ပြုလုပ်ပြီးစီးပြီး လက်ရှိအချိန်တွင် ပဏာမနမူနာပုံစံ တီထွင်ထုတ်လုပ်ခြင်းအဆင့်သို့ ဘက်စုံ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

စီမံကိန်းအရ တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်မတိုင်မီ လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ် ဆင်းသက်ရန် အကောင်အထည်ဖော်မည် ဖြစ်ပြီး လပေါ်တွင် သိပ္ပံနည်းပညာ လေ့လာ စူးစမ်းမှုများနှင့် ဆက်စပ်နည်းပညာစမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်ပါသည်။