“လန်ချန်း-မဲခေါင် ရင်တွင်းပုံရိပ်များ"အစီအစဉ် တရုတ်နိုင်ငံ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့တွင် ကျင်းပ

lmcchina.org, November 22, 2024
Size:

ဒုတိယအကြိမ် “လန်ချန်း-မဲခေါင်” ဗီဒီယိုအတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် “လန်ချန်း-မဲခေါင် ရင်တွင်းပုံရိပ်များ” မီဒီယာ လက်တွေ့ကွင်းဆင်းလေ့လာရေးလှုပ်ရှားမှုအစီအစဥ် စတင်ခြင်း အခမ်းအနားကို တရုတ်နိုင်ငံ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လားဆမြို့တွင် နိုဝင်ဘာလ ၁၅ ရက် နံနက်က ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် အခြား လန်ချန်း-မဲခေါင်နိုင်ငံများမှ မီဒီယာကိုယ်စားလှယ်များက ဆီးနှင်း ထူထပ်သော ကုန်းမြင့်ဒေသတွင် စုဝေးပြီး ခေတ်သစ်၏အခြေအနေတွင် ဗီဒီယိုအတိုပုံစံဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုနှင့် ပြောင်းလဲမှုများကို ပြသရန် စူးစမ်းလေ့လာခဲ့ကြရာ လန်ချန်း-မဲခေါင် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန်အတွက် အားအင် ပံ့ပိုးပေးခဲ့ကြသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် "ဒရယ်မေတ္တာ"သည် ဒုတိယအကြိမ် "လန်ချန်း-မဲခေါင် ရင်တွင်းပုံရိပ်များ" ဗီဒီယိုအတိုပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ရာ ၎င်းလက်ရာသည် ရှီးဇန့်ဒေသ ချန်းတူးရှိ အဘိုးအို Xiangchu Lhamo နှင့် ကုန်းမြင့်ဒေသ ဒရယ်လေးတို့၏ဇာတ်လမ်းကို အဓိကပြသခြင်း ဖြစ်သည်။ “ကမ္ဘောဒီးယား၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည့် တော်ဝင်အကပြဇာတ်”သည် ဒုတိယဆု ရရှိခဲ့ရာ တော်ဝင်အကပြဇာတ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို ဆက်ခံသော ကိုယ်စားပြုပေသည်။ ၎င်းကို ရိုက်ကူးရခြင်း၏ မူလရည်ရွယ်ချက်မှာ တိုင်းရင်းသားလူမျိုးစုများ၏ အမွေအနှစ်များ ဆက်ခံမှု မြှင့်တင်ရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လူများ ပိုမို အာရုံစိုက်လာစေရန် ဖြစ်သည်။