ဤဒေသသည် ချိန်ကွန့် ဖြစ်သည် - အစိမ်းရောင် ဖွံဖြိုးတိုးတက်ခြင်း၊ ဂေဟဗေဒဆန်ဆန် နေထိုင်ခြင်း

lmcchina.org, November 19, 2024
Size:

လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း ယူနန်ပြည်နယ် ချန်ကွန့်ဒေသသည် “ဂေဟဗေဒကို ဦးစား‌ပေးခြင်းနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ခြင်း”ဟူသောခေါင်းစဉ်ဖြင့် ချန်ကွန့်ကို “ဥယျာဉ်မြို့တော်”၊ “ကန်တစ်ရာမြို့တော်”၊ “အစိမ်းရောင်မြို့တော်”အဖြစ် တည်ဆောက်ပြီး ဂေဟဗေဒပတ်ဝန်းကျင် စီမံဆောင်ရွက်ခြင်း၊ မြို့ပြရှုခင်းထူထောင်ခြင်း စသောလုပ်ငန်းများတွင် အောင်မြင်မှုများစွာရရှိခဲ့ပြီး “နိုင်ငံတော်အဆင့် ဥယျာဉ်မြို့တော်”၊ “တစ်နိုင်ငံလုံး အစိမ်းရောင်နှင့် ဂေဟဗေဒစံပြဒေသ” ဟူသောနာမည်ကောင်း ရရှိလိုက်ပြီ ဖြစ်ပြီး နိုင်ငံတကာတွင်လည်း အသိအမှတ်ပြုခံရပေသည်။

ကူမင်းနန်ကျန့်ဟူသော မီးရထားဘူတာရုံ ထူထောင်လာခြင်းသည် ချိန်ကွန့်အတွက် အခွင့်အရေးအသစ် သယ်ဆောင်လာပြီး ချန်ကွန့်နှင့် ကမ္ဘာကြီးအကြား ပိုမိုနီးကပ်လာစေသည်။ တရုတ်-လာအို မီးရထားလမ်းသည် ဤနေရာမှစ၍ ၁၀၃၅ ကီလိုမီတာ ဖြတ်သန်းကာ လာအိုနိုင်ငံ၏ မြို့တော် ဗီယမ်ကျန်းသို့ ရောက်ရှိသည်။

ယခု ချိန်ကွန့်သည် အပန်းဖြေခြင်း၊ ခရီးသွားခြင်း၊ နေထိုင်ခြင်း၊ ကျန်းမာရေး ကာကွယ်ထိန်းသိမ်းခြင်း၊ လုပ်ငန်းထူထောင်ခြင်းတို့အတွက် အသင့်တော်ဆုံးနေရာ ဖြစ်သည်။ နောင်အနာဂတ်တွင် ချိန်ကွန့်သည် စီးပွားရေးပတ်ဝန်းကျင် ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်ပြီး ကျန်းမာရေးလုပ်ငန်းနှင့် ဆေးကုသရေးလုပ်ငန်း တစ်ပြိုင်တည်းနှင့် မျှတစွာ တိုးတက်လာအောင် တည်ဆောက်ပြီး “တရုတ်နိုင်ငံ၏ ကျန်းမာရေးမြို့တော်”အဖြစ် ထူထောင်မည် ဖြစ်သည်။