ချိန်ကုန့်ခရိုင်တွင် ဒစ်ဂျစ်တယ်စီးပွားရေး အရှိန်အဟုန်မြင့် ထွန်းကားလာ

lmcchina.org, November 11, 2024
Size:

၂၀၁၂ ခုနှစ်မှစ၍ ယူနန်ပြည်နယ် ချိန်ကုန့်ခရိုင်သည် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ဒစ်ဂျစ်တယ်စီးပွားရေး မရှိရာမှ ရှိရာသို့၊ အားနည်းရာမှ အားကောင်းရာသို့ ခုန်ပျံကျော်လွှားတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့သည်။ ချိန်ကုန့်ခရိုင်သည် Big Data၊ Cloud Computing၊ Block Chain၊ AI၊ သတင်းအချက်အလက်ဝန်ဆောင်မှု စသည့်  ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း ထူးခြားမှု ရှိသည့် ယူနန်ပြည်နယ်၏ ဒစ်ဂျစ်တယ် ဖွံ့ဖြိုတိုးတက်ရေးဇုန်ဥယျာဉ် ဖြစ်ပေသည်။

သိပ္ပံနှင့် နည်းပညာဆိုင်ရာ အောင်မြင်မှုများ အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ရန်နှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်မှုကို နက်ရှိုင်းစေရန်အတွက် ချိန်ကုန့်ခရိုင်သည် စာသင်ကျောင်းနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ခဲ့ရာ တက္ကသိုလ်များမြို့မှ တက္ကသိုလ်နှင့် ကောလိပ်ကျောင်း ၁၀ ကျောင်း နှင့် ကျောင်းသားကျောင်းသူ ၂ သိန်းကျော်၏ လူ့စွမ်းအားအရင်းအမြစ်နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အားသာချက်များကို အသုံးချကာ ထုတ်လုပ်မှုစွမ်းရည်သင်တန်း၊ အလုပ်အကိုင်နှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ပံ့ပိုးမှု၊ သိပ္ပံ သုတေသနရလဒ်များ ပြောင်းလဲခြင်းနှင့် အလုပ်အကိုင် ချိတ်ဆက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ပါသည်။ အနာဂတ်တွင် ချိန်ကုန့်ခရိုင်သည် တောင်အာရှနှင့် အရှေ့တောင်အာရှအတွက် ဒေသတွင်း အပြည်ပြည်ဆိုင်ရာ ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်း သရုပ်ပြဥယျာဉ် တည်ဆောက်ရန်အတွက် "ဒစ်ဂျစ်တယ် ကုန်ထုတ်လုပ်မှုလုပ်ငန်းအသွင်ပြောင်းခြင်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဒစ်ဂျစ်တယ်အသွင် ပြောင်းလဲခြင်း"ကို အဓိကထားဆောင်ရွက်မည်ဖြစ်သည်။