လန်းချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ”လန်ချန်း-မဲခေါင်ဒေသရှိ ရေလုပ်ငန်းကဏ္ဍ လူငယ်ခေါင်းဆောင်မှုကွန်ရက် တည်ဆောက်ရေး” စီမံကိန်း နှီးနှောဖလှယ်ပွဲကို အောက်တိုဘာလ ၂၉ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ ရေအရင်းမြစ်ရေးရာဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ရေးရာရုံး၊ တရုတ် နိုင်ငံတကာ စီးပွားရေးနှင့် နည်းပညာဖလှယ်ရေးစင်တာ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ တရုတ်နိုင်ငံ ရေအရင်းအမြစ်နှင့် ရေအားလျှပ်စစ်အကယ်ဒမီ၊ ဖူသန့်တက္ကသိုလ်၊ ချူလာလောင်ကွန်တက္ကသိုလ် စသော အစိုးရများ၊ သိပ္ပံသုတေသနအဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများ၊ ကုမ္ပဏီလုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် စီမံကိန်း အကောင်အထည်ဖော်ရေးဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၀ ကျော်သည် အတူတကွ စုဝေးကြပြီး စီမံကိန်း တိုးတက်မှုကို ဆွေးနွေးသလို ရေလုပ်ငန်းကဏ္ဍ စွမ်းရည်ရှိသောလူငယ်များကို ဖလှယ်ခြင်းနှင့် ပျိုးထောင်ပေးခြင်းများဆိုင်ရာ အတွေ့အကြုံများ မျှဝေခဲ့ကြသည်။
”လန်ချန်း-မဲခေါင်ဒေသရှိ ရေလုပ်ငန်းကဏ္ဍ လူငယ်ခေါင်းဆောင်မှုကွန်ရက် တည်ဆောက်ရေး” စီမံကိန်း အကောင်အထည်ဖော်မည့်ကာလမှာ ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဖြစ်သည်။ ၎င်း၏ရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုတွင် လူငယ်ခေါင်းဆောင်များနှင့် သက်ဆိုင်ရာယန္တရားများ တက်ကြွစွာ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန် မြစ်ဝှမ်းဒေသနိုင်ငံခြောက်နိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍ လူငယ်ကွန်ရက်များ တည်ဆောက်မှု အားကောင်းလာစေရန် ဖြစ်ပါသည်။