လန်ချန်း-မဲခေါင်နိုင်ငံများမှ ဒေသခံအစိုးရပုဂ္ဂိုလ်များသည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းရန် မျှော်လင့်

lmcchina.org, November 8, 2024
Size:

၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင်နိုင်ငံများမှ ဒေသခံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် သမိုင်းဝင် ယဉ်ကျေးမှုမြို့တော်များ ဖလှယ်ပွဲသည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် စသောနိုင်ငံမှ မြို့ဆယ်မြို့ကျော်မှ ဒေသခံအစိုးရ တာဝန်ရှိသူများနှင့် တရုတ်ပြည် ပြည်နယ်နှင့်မြို့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်၍ လန်ချန်း-မဲခေါင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကို ပိုမိုနက်ရှိုင်းစေရန် မျှော်မှန်းဆွေးနွေးသည်။

တရုတ်ပြည်သူများ ပြည်ပချစ်ကြည်ရေးအသင်း ကြီးမှူးပြီး စတင်ကျင်းပလာသော လန်ချန်း-မဲခေါင်နိုင်ငံများမှ ဒေသခံအစိုးရ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်နှင့် သမိုင်းဝင် ယဉ်ကျေးမှုမြို့တော်များ ဖလှယ်ပွဲသည် ဒေသအသီးသီး၏အားသာချက်များကို အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်မှုအင်အားသစ် ပျိုးထောင်ရန်၊ ပြည်သူများ၏လိုရင်းဆန္ဒများကို ခိုင်မာစေရန်နှင့် ယဉ်ကျေးမှု အပြန်အလှန် အတုယူဖလှယ်ခြင်းကို တွန်းအားပေးရန် ရည်ရွယ်ထားပြီး ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှတစ်ဆင့် လန်ချန်း-မဲခေါင် ၆ နိုင်ငံ အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မှု၊ သဘောတူညီချက် ရရှိမှုအတွက် ပလက်ဖောင်း ထူထောင်ရန် ဖြစ်ပေသည်။