ပထမဆုံးအကြိမ် World Conference of Classics ကို ဘေကျင်းတွင် ကျင်းပ

CRI, November 8, 2024
Size:

ယခုလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ပထမဆုံးအကြိမ် World Conference of Classics ကို ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပသည့် ဖွင့်ပွဲအခမ်းအနား၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂရိနိုင်ငံသမ္မတ Sakellaropoulou တို့၏ ဂုဏ်ပြုကြောင်းသဝဏ်လွှာ များကို ဖတ်ကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Sakellaropoulouတို့၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာ များသည်  ရှေးဟောင်း ယဉ်ကျေးမှု နိုင်ငံ ၂ နိုင်ငံ အနေနှင့် တရုတ်နှင့် ဂရိတို့ဟာ ကိုယ့်ရိုးရာ ယဉ်ကျေးမှုကို ဆက်ခံပြီး ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် အတုယူရေး အားဖြည့် ဆောင်ရွက်ရန် မြင့်မားသော အသိစိတ်ကို ပြသကာ ကျွန်တော်တို့က သမိုင်းယဉ်ကျေးမှု အစဉ် အလာဆက်ခံရန်၊ ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်ကြရန် နှင့် လူသားယဉ်ကျေးမှု ဖွံ့ဖြိုးစေရန်အတွက် အရေးကြီး လမ်းညွှန် ချက်တွေကို ပေးခဲ့ကြောင်း အစည်းအဝေး တက် ရောက်သူများက မှတ်ယူခဲ့ ကြပါသည်။