တရုတ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး (လန်ချန်း-မဲခေါင်) အစိမ်းရောင် ပူးပေါင်းဆောင်ရွက်ရေးပြပွဲ ဘန်ကောက်မြို့တွင် ကျင်းပ

lmcchina.org, November 1, 2024
Size:

တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီမှ ကြီးမှူးကျင်းပသော "တရုတ်ကုန်သွယ်မှုမြှင့်တင်ရေး" (လန်ချန်း-မဲခေါင်) အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှုပြပွဲကို အောက်တိုဘာလ ၂၄ ရက်က ဘန်ကောက်မြို့တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါပြပွဲကို လေးရက်ကြာ ကျင်းပခဲ့ပြီး “လန်ချန်း-မဲခေါင်ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် အနာဂတ်ပန်းချီ အတူတကွ ရေးဆွဲခြင်း”ခေါင်းစဉ်ဖြင့် လန်ချန်း-မဲခေါင် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ရလဒ်များကို စုစည်းပြသထားခြင်း ဖြစ်သည်။ အဖွင့်မိန့်ခွန်းတွင် တရုတ်-ထိုင်း နှစ်ဖက်ကိုယ်စားလှယ်များသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုခဲ့သော လွန်ခဲ့သည့်ဆယ်နှစ်ကြာကာလတွင်  ရရှိသော ထွန်းလင်းတောက်ပြောင်သည့် အောင်မြင်မှုများကို ပြန်လည်အောက်မေ့ခဲ့ကြပြီး  အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ကျယ်ပြန့်သော အလားအလာများကို မျှော်မှန်းထားခဲ့ကြသည်။ လန်ချန်း-မဲခေါင်ဒေသ၏ အရေးပါသော အဖွဲ့ဝင်များအနေဖြင့် လန်ချန်း-မဲခေါင်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကို အထောက်အကူပြုရန် တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် အခြေခံမူကို ဆက်လက် လက်ကိုင်ထားကျင့်သုံးသွားမည် ဖြစ်ပြီး အစိမ်းရောင်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ တိုးမြှင့်ဆောင်ရွက်ကာ ဒေသတွင်း အစိမ်းရောင် အသွင်ကူးပြောင်းရေးကို အတူတကွ ဦးဆောင်သွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ပြပွဲတွင် တရုတ်နိုင်ငံမှ ထူးချွန်သော ကုမ္ပဏီလုပ်ငန်းပေါင်း ၃၄ ခုမှ ၎င်းတို့၏ နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် နည်းပညာများကို ပြသခဲ့သည်။ လန်ချန်း-မဲခေါင်ဒေသ၏ ရလဒ်များပြပွဲဧရိယာကိုလည်း သီးသန့် အထူးထားရှိကာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဂေဟစနစ် ကာကွယ်ရေး၊ သန့်ရှင်းသောစွမ်းအင် စသည့်နယ်ပယ်များရှိ လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်နှင့် အောင်မြင်သောစံနမူနာ စုစုပေါင်း ၂၀ ကို ဘက်စုံပြသခဲ့သည်။