အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်လှစ်ရန် ရက်ပေါင်း ၁၀၀ ရေတွက်မှု စတင်ပြီး ဆုတံဆိပ်များနှင့် မီးရှူးတိုင်များကို ထုတ်ပြန်

CRI, October 30, 2024
Size:

ယခုလ ၃၀ ရက်နေ့က နဝမအကြိမ်မြောက် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်လှစ်ရန် ရက်ပေါင်း ၁၀၀ ရေတွက်မှု စတင်မှု အခမ်းအနားကို ဟာဘင်မြို့ရှိ ရေခဲဟော်ကီရုံ၌ ကျင်းပခဲ့ရာ ယခုအကြိမ် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ၏ ဆုတံဆိပ်များနှင့် မီးရှူးတိုင်များကို ထုတ်ပြန်ပြီး ပြိုင်ပွဲ သီချင်းကိုလည်း ထုတ်လွှင်ခဲ့သည်။


ယခုအကြိမ် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲ၏ မီးရှူးတိုင်မှာ “Surging (တက်ကြွမှု)” လို့ ခေါင်းစဉ်အဖြစ် ထားပြီး ဆုတံဆိပ်များကို “Spirit of Speed(အရှိန်၏ ဝိညာဉ်) ”ဟူသော အဓိပ္ပာယ် ဖြင့် ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲသီချင်း၏ အမည်မှာ Snow in Harbin ဖြစ်ကြောင်း၊ ယင်း ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။