"ပေကျင်း-ယူနန် · လန်ချန်း-မဲခေါင်လိုင်း" ကုန်တင်ရထား တရုတ်-လာအို ပူးပေါင်းဆောင်ရွက်မှုခရီးစဉ်သစ် စတင်

lmcchina.org, October 25, 2024
Size:

ယခုရက်ပိုင်းများတွင် လာအိုနိုင်ငံမှ တင်သွင်းလာသောငှက်ပျောသီးများ တင်ဆောင်ထားသည့် ပထမဆုံးသော တရုတ်-လာအို မီးရထား "ပေကျင်း-ယူနန် · လန်ချန်း-မဲခေါင်လိုင်း" နိုင်ငံတကာ ကုန်တင်ရထားသည် ယူနန်ပြည်နယ်၊ ကူမင်းမြို့ ဝမ်ကျားရင်အနောက်ဘူတာမှ ထွက်ခွာပြီး မြောက်ဘက် ပေကျင်းမြို့ ဖိန်ကူခရိုင်သို့ ဦးတည်သွားခဲ့သည်။ ယင်းသည် တရုတ်-လာအို နိုင်ငံတကာ အအေးခန်းကွင်းဆက်ရထားနှင့် "ပီကင်း-ယူနန်·လန်ချန်း-မဲခေါင်လိုင်း" နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးရထား တရားဝင် စတင်ပြေးဆွဲခဲ့ခြင်းအထိမ်းအမှတ် ဖြစ်သလို တရုတ်နိုင်ငံ ပေကျင်း၊ ယူနန်နှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ချိတ်ဆက်ပေးသည့် နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းကို ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။

"ပေကျင်း-ယူနန်·လန်ချန်း-မဲခေါင်လိုင်း"ကို ဖွင့်လှစ်လိုက်ခြင်းသည် တရုတ်နှင့် လာအိုကြား ကုန်သွယ်မှုအတွက် အားသစ်လောင်းပေးခဲ့သည်။ လာအိုနိုင်ငံ၏ ပေါကြွယ်ဝလှသော ငှက်ပျောသီးနှင့် အခြားလယ်ယာထွက်ကုန်များ တရုတ်ဈေးကွက်သို့ ပိုမိုလျင်မြန်ထိရောက်စွာ ဝင်ရောက်နိုင်ကာ တရုတ်ပြည်တွင်းစားသုံးသူများ၏ ပြည်ပဒေသထွက် သစ်သီးဝလံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ တစ်ချိန်တည်းတွင်ပင် ပေကျင်း-ထျန်ကျင်း-ဟဲပေ ဒေသအားသာချက် ရှိသော ထုတ်လုပ်မှုလုပ်ငန်းများသည် အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိရန် ဤလမ်းကြောင်းကို အသုံးပြုပြီး အရင်းအမြစ်များကို အကောင်းမွန်ဆုံးခွဲဝေမှုနှင့် ကုန်ထုတ်လုပ်ငန်းများ၏ အပြန်အလှန်ဖြည့်စွက်မှုများ ပိုမိုဖွံ့ဖြိုးလာမည် ဖြစ်သည်။

အထူးရထားများ ပုံမှန်ပြေးဆွဲခြင်းသည် နေရာနှစ်ခု၏ အတူတကွ ကြိုးပမ်း၍ လတ်ဆတ်သော အစားအစာများ သိုလှောင်ရေးဂိုဒေါင် တည်ဆောက်ရေး စသည့် ထောက်ပံ့ပို့ဆောင်ရေးပုံစံသစ်များကို တွန်းအား‌ပေးမည် ဖြစ်ပြီး ထိုမှတစ်ဆင့် အားသာချက် အပြန်အလှန် ဖြည့်စွက်ခြင်းကို မြှင့်တင်ကာ ဘုံအကျိုးဖြစ်ထွန်းစေမည့်အခြေအနေကောင်းကို ရရှိနိုင်မည် ဖြစ်သည်။