ယခုရက်များတွင် ၂၀၂၄ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ် တရုတ်-မြန်မာ မသန်စွမ်းသူ ပြန်လည်ကျန်းမာရေး လေ့ကျင့်ခန်းဖလှယ်ပွဲ ရွှေလီမြို့တွင် ကျင်းပခဲ့သည်။ ၎င်းလှုပ်ရှားမှုသည် ယူနန်ပြည်နယ် မသန်စွမ်းသူများအသင်း၊ ယူနန်ပြည်နယ် အားကစားဗျူရို၊ တယ်ဟုန် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲအစိုးရ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့ စုပေါင်းပြီး ကြီးမှူးကျင်းပသည် ဖြစ်၍ “ပေါက်ဖော်ချစ်ကြည်ရေး-အားကစားတွင် အကန့်အတား မရှိ” ဟူသောခေါင်းစဉ်ဖြင့် ပြုလုပ်ပြီး နှစ်နိုင်ငံမှ လူ ၃၀၀ ကျော် ပါဝင်တက်ရောက်၍ အားကစားသမား ၁၄၂ ဦး ပြိုင်ပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ဤတစ်ခါလှုပ်ရှားမှုတွင် မြန်မာနိုင်ငံသို့ ခြေထောက်တု ၁၀ လုံး၊ hearing-aid ၁၅ လုံး၊ လူနာသုံး ဘီးတပ်ထိုင်ခုံ အလုံး ၁၀၀ ကို လှူပေးသည့်အပြင် မြန်မာဘက်မှ တပ်ဆင်လိုသူများအား တပ်ဆင်ရန် ညွှန်ပြပေးသည်။
ယခုနှစ်များတွင် ရွှေလီမြို့သည် “တရုတ်မြန်မာ ရွှေလီ-မူဆယ် နိုင်ငံတကာ မာရသွန်ပြေးပွဲ”၊ “လက်နှင့် လက်ဆွဲ၊ စိတ်နှင့် စိတ်ဆက် တရုတ်မြန်မာလူငယ်များချစ်ကြည်ရေးဖလှယ်ပွဲ” စသည့် နိုင်ငံတကာလှုပ်ရှားမှုများကို ကျင်းပခဲ့ပြီး တရုတ်မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် အားမာန်အသစ် ထည့်သွင်းပေး၍ တရုတ်မြန်မာချစ်ကြည်ရေးကို ဆက်ခံကာ တရုတ်မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်ရန် အကျိုးပြုခဲ့သည်။