တစ်ကမ္ဘာလုံးတွင် အင်တာနက်ချိတ်ဆက်ထားသောစမတ်ယာဉ် (Intelligent Connected Vehicle,ICV)၏ နည်းပညာ အလားအလာ ၁၀ခုကို ထုတ်ပြန်

CRI, October 21, 2024
Size:

   ကမ္ဘာ့ အင်တာနက်ချိတ်ဆက်ထားသောစမတ်ယာဉ် (Intelligent Connected Vehicle,ICV) ကွန်ဖရင့်ကို ၃ရက်ကြာ ကျင်းပပြီး ယခုလ ၁၉ရက်နေ့က ဘေကျင်းတွင် ပိတ်ပွဲ ကျင်းပခဲ့သည်။ တရုတ် မော်တော်ယာဉ် အင်ဂျင်နီယာ အကယ်ဒမီ အသင်းသည် ကွန်ဖရင့် ကိုယ်စား တစ်ကမ္ဘာလုံးတွင် အင်တာနက်ချိတ်ဆက်ထားသောစမတ်ယာဉ် (Intelligent Connected Vehicle,ICV)၏ နည်းပညာ အလားအလာ ၁၀ခုကို ထုတ်ပြန်ခဲ့သည်။

    ယင်းရှေ့အလားအလာများတွင် အဆင့်မြင့် အလိုအလျောက် မောင်းနှင်မှုကို ရှေးရှုသော စူပါ ဥာဏ်ရည်တု၊ ICV မြန်နှုန်းမြင့် ဆက်သွယ်ရေး နည်းပညာနှင့် မော်တော်ယာဉ်သုံး Integrated storage and computing chip စသည်များ ပါဝင်သည်။