“လန်ချန်း-မဲခေါင် သစ်သီးဝလံ ဝယ်ယူမှုပွဲတော် - ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အထူးပွဲ”ကို ကူမင်းမြို့ ထုန်သယ်ရင်ပြင်တွင် အောက်တိုဘာ ၁၁ ရက်မှ အောက်တိုဘာ ၁၆ ရက်အထိ ကျင်းပခဲ့သည်။
တရုတ်နိုင်ငံ ကူမင်းမြို့အခြေစိုက် ကမ္ဘောဒီးယားနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Vasopara၊ ကူမင်းမြို့အခြေစိုက် လာအိုနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Pongdong Paxaphacdy၊ ကူမင်းမြို့အခြေစိုက် ဗီယက်နမ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး ကူးသန်းရောင်းဝယ်ရေးကောင်စစ်ဝန် Nguyen Tuan Anh တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြသည်။ ထိုသို့အမှာစကား ပြောကြားရာတွင် အဆိုပါသုံးနိုင်ငံ၏ ကောင်စစ်ဝန်အရာရှိများက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား၏ လမ်းညွှန်မှုအောက်တွင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် တရုတ်တို့ကြား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ အနာဂတ်တွင် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ ကျယ်ပြန့်ရေးနှင့် ဘေးကင်းရေးလုံခြုံရေးစံနှုန်း ချမှတ်ရေး စသည့် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အကြံပြုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ပြပွဲတွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့မှ အရည်အသွေးမြင့် သစ်သီးဝလံများနှင့် ယူနန်ပြည်နယ် ဒေသအထူးထွက်ကုန်များသည် စားသုံးသူများအား မြည်းစမ်းဝယ်ယူရန် ဆွဲဆောင်နိုင်ခဲ့သည်။