တရုတ်နိုင်ငံသည် WTO ၌ ဆွေးနွေးပွဲကို ကျင်းပပြီး နိုင်ငံအသီးသီးနှင့်အတူ ကုန်သွယ်ရေး ဆိုင်ရာ ရာသီဥတုဆောင်ရွက်ချက်များကို စူးစမ်းလေ့လာ

CRI, October 17, 2024
Size:

ဒေသစံတော်ချိန် အောက်တိုဘာလ ၉ ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဌာနချုပ်မှ တစ်နှစ်တစ်ကြိမ်ကျင်းပသည့် “ပတ်ဝန်းကျင်သီတင်းပတ်” အတွင်း တရုတ်နိုင်ငံသည် “ကုန်သွယ်ရေးဆိုင်ရာ ရာသီဥတုဆောင်ရွက်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး---- အခွင့်အလမ်း၊ စိန်ခေါ်မှုနှင့် ဖြေရှင်းရေးနည်းလမ်း” ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ပြီး ဘက်အသီးသီးတို့၏ ကျယ်ပြန့်သော အာရုံစူးစိုက်မှု ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

WTOဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ သံအမတ်ကြီး Li Chenggang က ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန်အတွက် အဆက်မပြတ်ကြိုးပမ်းအားထုတ်နေကြောင်း၊ “1+N”မူဝါဒစနစ်ကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်လာကြောင်း၊ လုပ်ငန်းအသီးသီးကို ခြေလှမ်းမှန်မှန် ဖြင့် တွန်းအားပေးနေကြောင်း ပြောကြားခဲ့ပါသည်။