၁၂ ကြိမ်မြောက် လန်ချန်း-မဲခေါင်နိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

lmcchina.org, October 11, 2024
Size:

အောက်တိုဘာလ ၁ ရက်နေ့ညက ကျင်ဟုတ်မြို့ မန်ထင်ပန်းခြံထဲမှ ကဇာတ်ရုံတွင် ၁၂ ကြိမ်မြောက် လန်ချန်း-မဲခေါင်နိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲ ဖွင့်ပွဲအခမ်းအနား ဖျော်‌ဖြေပွဲကို ကျင်းပခဲ့သည်။

လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ဘင်္ဂလား‌ဒေ့ရှ်၊ ထိုင်း စသောနိုင်ငံများမှ ခေါင်းဆောင်များနှင့် ဧည့်သည်တော်များ၊ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Luo Hongjiang တို့သည် ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်ကြသည်။

ဖျော်‌ဖြေပွဲသည် “အနုပညာဖြင့် အိပ်မက်ကို တီထွင်၊ လန်ချန်း-မဲခေါင်ကို ချစ်မြတ်နိုး” ဟူသောခေါင်းစဉ်ဖြင့် တရုတ်ရိုးရာယဉ်ကျေးမှု၊ လန်ချန်း-မဲခေါင်နိုင်ငံများ ယဉ်ကျေးမှု ဆက်ခံရန်နှင့် ဖလှယ်ရန် ရည်ရွယ်ပြီး နိုင်ငံအသီးသီးမှ ယဉ်ကျေးမှုကို ကိုယ်စားပြုနိုင်သောအစီအစဉ်များကို ဖော်ပြခဲ့သည်။ နိုင်ငံအသီးသီးမှ ယဉ်ကျေးမှုလက္ခဏာများ ပါရှိသောအစီအစဉ်များ တစ်ခုပြီးတစ်ခု တင်ဆက်ဖော်ပြခဲ့သည်။ လှပသောကပြပုံ၊ နားဝင်ချိုသောတေးသီချင်းများ စုစည်းဖော်ပြ၍ လန်ချန်း-မဲခေါင်နိုင်ငံများ နယ်မြေချင်း ဆက်စပ်ပြီး လူချင်း ခင်မင်သော သင့်မြတ်လှသော အနေအထားကောင်းကို ဖော်ပြထားသည်။