တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို ၂၉ ရက်နေ့ ညက ဘေကျင်းမြို့မှာ ကျင်းပခဲ့သည်။ ရှီကျင့်ဖိန်၊ လီချန် ၊ ကျောက်လေ့ကျိ ၊ ဝမ်ဟုနင် ၊ ချိုက်ချီ ၊ တင်းရွှယ်ရှန်း ၊ လီရှီး၊ ဟန်ကျင့် နှင့် အခြားပါတီ နှင့် နိုင်ငံ့ခေါင်းဆောင်များသည် ပရိသတ် ၃၀၀၀ ကျော်နှင့်အတူ ဂီတဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ပြီး ကြီးမြတ်သောအမိနိုင်ငံ သာယာဝပြောရေးအတွက် ဆုတောင်းကြသည်။