တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်လူသား စံချိန်စံနှုန်း စည်းစနစ်ကို ထူထောင်သွားမည်

CRI, September 29, 2024
Size:

"Digital Human Application and Future" ခေါင်းစဉ်ဖြင့် ပထမအကြိမ် တရုတ်ဒစ်ဂျစ်တယ်လူသားဆိုင်ရာ ညီလာခံကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဘေကျင်း မြို့၌ စတင်ကျင်းပခဲ့ပါသည်။ စက်မှုနှင့် သတင်းအချက် အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြည့်စုံကောင်းမွန်သော ဒစ်ဂျစ်တယ်လူသား စံချိန်စံနှုန်း စည်းစနစ်ကို ထူထောင် သွားမည်ဖြစ်ပြီး promotion ကို အရှိန်မြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  သက်ဆိုင်ရာ စာရင်းအရ လက်ရှိအချိန်တွင် တရုတ်နိုင်ငံရှိ ဒစ်ဂျစ်တယ် လူသားနှင့် ပတ်သက်သည့် ကုမ္ပဏီပေါင်း ၁၁.၄၄ သိန်းရှိကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ ဒစ်ဂျစ်တယ်လူသားနှင့်သက်ဆိုင်ရာ  ကုမ္ပဏီပေါင်း ၁၇၄,၀၀၀ ကျော်ကို အသစ် မှတ်ပုံ တင်ခဲ့ကြောင်း၊ လုပ်ငန်းအမျိုးအစားအရ ယဉ်ကျေးမှု၊ အားကစားနှင့် ဖျော်ဖြေရေး လုပ်ငန်း များ၊ သတင်းအချက်အလက် ပေးပို့မှု၊ ဆော့ဖ်ဝဲလ်နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ဆောင်မှု လုပ်ငန်းများသည် ၆၀ရာခိုင်နှုန်း ကျော်ရှိကြောင်းသိရပါသည်။