Ding Xuexiang သည် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၊ တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်

CRI, September 29, 2024
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင် ၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Ding Xuexiang သည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၊ တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ကြေညာထားသည်။

မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim သည် ဗီဒီယိုဖြင့် မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ အစိုးရ ကက်ဘိနက် အဖွဲ့ရုံး ဝန်ကြီး Vongsey Vissoth ၊ လာအို ဒုဝန်ကြီးချုပ် Kikeo ၊ ဗီယက်နမ် ဒုဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Ho Duc Phuoc စသည့် နိုင်ငံခြား ခေါင်းဆောင်များ၊ အဆင့်မြင့် အစိုးရအရာရှိများနှင့် အာဆီယံအဖွဲ့ အတွင်း ရေးမှူးချုပ် Kao Kim Hourn တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရ သည်။