၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုနှင့် အနုပညာပွဲအစီအစဉ်များကို တက်တက်ကြွကြွ ပြင်ဆင်နေ

lmcchina.org, September 27, 2024
Size:

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ၁၂ ကြိမ်မြောက် လန်ချန်း-မဲခေါင် ယဉ်ကျေးမှုနှင့် အနုပညာပွဲ ဖွင့်ပွဲအခမ်းအနား၏ ဖျော်ဖြေပွဲတွင် တင်ဆက်ကပြမည့်အနုပညာရှင်များသည် ရှစ်ဆောင်ပဏ္ဏား မန့်ထင်းဥယျာဉ်က ကဇာတ်ရုံတွင် ပြင်ဆင်လေ့ကျင့်ခဲ့သည်။

ဖျောဖြေပွဲသည် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ၏ လှပထွေပြားလှသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနစ်ကို အခြေခံ၍ အနုပညာပုံစံဖြင့် လန်ချန်း-မဲခေါင်ဒေသနိုင်ငံများ၏ ယဉ်ကျေးမှုများ အချင်းချင်းဖလှယ်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း အနုပညာပွဲဖွင့်ပွဲအခမ်းအနား၏ ဒါရိုက်တာချုပ် Cao Ping က မိတ်ဆက်ပေးသည်။

ဖွင့်ပွဲအခမ်းအနားသည် တရုတ်ယဉ်ကျေးမှုနှင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ယဉ်ကျေးမှုကို ဆက်ခံရန်နှင့် ဖလှယ်ရန် ရည်ရွယ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ မြန်မာ စသောနိုင်ငံများမှ နာမည်ကျော်အနုပညာအဖွဲ့များ အတူတကွ တင်ဆက်ကပြရန် ဖိတ်ကြားထားသည်။

ဤတစ်ကြိမ် တင်ဆက်ကပြသူ စုစုပေါင်း ၃၀၀ ကျော် ရှိပြီး ပြည်ပက အနုပညာအဖွဲ့များသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရှစ်ဆောင်ပဏ္ဏားသို့ ရောက်ရှိမည် ဖြစ်ပြီး ပြည်တွင်း ကပြသူများနှင့်အတူ ပြင်ဆင်လေ့ကျင့်မည်ဖြစ်သည်။