စက်တင်ဘာလ ၂၄ ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်စာရင်းအင်းဦးစီးဌာနနှင့် နိုင်ငံတော် နိုင်ငံခြားငွေစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးတွဲထုတ်ပြန်သော “၂၀၂၃ ခုနှစ် တရုတ် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစာရင်းအင်းပြန်တမ်း”ကို ထုတ်ပြန် ခဲ့ သည်။ ပြန်တမ်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကျဉ်းချုပ်၊ တရုတ်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု flow ပမာဏနှင့်stock ပမာဏ၊ ကမ္ဘာ့ အဓိက စီးပွားရေး အုပ်စုများအား တရုတ်နိုင်ငံ၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံသူများ ဖွဲ့စည်းမှုအခြေအနေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကုမ္ပဏီများ ဖွဲ့စည်းမှု အခြေအနေ၊ နောက်ဆက်တွဲ အပါအဝင် အပိုင်း ၆ ပိုင်းပါဝင်ပြီး ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ဘက်စုံ ဖော်ပြထားပါသည်။