၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို နန်နင်းမြို့တွင် ဖွင့်လှစ်

CRI, September 23, 2024
Size:

  ယခုလ ၂၄ ရက်နေ့က ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်- အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးများအစည်းအဝေးကို ကွမ်ရှီးဒေသနန်နင်း မြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ် အာဆီယံကုန်စည်ပြပွဲနှင့် ထိပ်သီးများအစည်းအဝေး တွင် တရုတ်နှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ နောက်ဆုံးရ အောင်ကျိုးရလဒ် များကို ပြသမည်ဖြစ်ပါသည်။

   ယခုအကြိမ် အာဆီယံကုန်စည်ပြပွဲနှင့် ထိပ်သီးများအစည်းအဝေးသည် ပြည်တွင်း ပြည်ပခေါင်းဆောင်များ၊ အစိုးရအရာရှိများနှင့် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံများမှ သံတမန်အရာရှိများ အပါအဝင် ကိုယ်စားလှယ် ၁၁၀၀ ကျော်ကို ဖိတ်ကြားခဲ့သည်ဟု သတင်းအရသိရပါသည်။