၂၀၂၄ လန်ချန်း-မဲခေါင် ယဥ်ကျေးမှုနှင့် အနုပညာပွဲတော် - သတ္တမကြိမ်မြောက် ရှစ်ဆောင်ပဏ္ဏား နိုင်ငံတကာ ပန်းချီပညာလက်ရာပြပွဲ ဒေသိယအနုပညာလက်ရာဖန်တီးရေးလှုပ်ရှားမှုအစီအစဥ် စတင်ဆောင်ရွက်

lmcchina.org, September 20, 2024
Size:

သတ္တမကြိမ်မြောက် ရှစ်ဆောင်ပဏ္ဏား နိုင်ငံတကာ ပန်းချီပညာလက်ရာပြပွဲ ဒေသိယ အနုပညာ ဖန်တီးရေးလှုပ်ရှားမှုအစီအစဥ် စတင်မှုအခမ်းအနားကို စက်တင်ဘာလ ၁၃ ရက်နေ့က ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ဧည့်သည်တော်များသည် “ရှစ်ဆောင်ပဏ္ဏား ပန်းချီဆရာရွာ”ဆောင်ဘုတ်ကို အတူတကွ ဖွင့်လှစ်ပေးသည်။

ရှစ်ဆောင်ပဏ္ဏား နိုင်ငံတကာ ပန်းချီပြပွဲသည် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ယဥ်ကျေးမှုနှင့် အနုပညာပွဲတော်၏ အဓိကလှုပ်ရှားမှုများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ခြောက်ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ရှစ်ဆောင်ပဏ္ဏား နိုင်ငံတကာ ပန်းချီပြပွဲသည် နိုင်ငံတကာဆန်မှု၊ အနုပညာဆန်မှု၊ ပွင့်လင်းမြင်သာရှိမှုကို ခိုင်မာစွာ လက်ကိုင်ထားပြီး တရုတ်နှင့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့အကြား အပြန်အလှန် သင်ယူမှုနှင့် ယဉ်ကျေးမှုနှင့် အနုပညာဖလှယ်မှုများကို မြှင့်တင်ရန်နှင့် တရုတ်နိုင်ငံ ရှစ်ဆောင်ပဏ္ဏား၏ ထူးခြားသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာစိတ်ဓာတ်ကို ပြသရန် ရည်ရွယ်သည်။

ယခုပွဲသည် ရှစ်ဆောင်ပဏ္ဏားတွင် ၁၁ ရက်ကြာ ဒေသတွင်း လေ့လာရန်နှင့် အနုပညာဖန်တီးမှုပြုလုပ်ရန် ပြည်တွင်းပြည်ပမှ နာမည်ကြီးအနုပညာရှင် ၁၅ ဦးကို ဖိတ်ကြားကာ အောက်တိုဘာလတွင် ၎င်းတို့၏ ဒေသတွင်းဖန်တီးမှုရလဒ်များကို ပြပွဲ ကျင်းပရန် စီစဉ်ထားသည်။