၂၀၂၄ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုကုန်စည်ပြပွဲသည် ယဉ်ကျေးမှုနှင့် သိပ္ပံနည်းပညာ ပေါင်းစပ်မှု အောင်ကျိုးရလဒ်များကို စုစည်းပြသမည်

CRI, September 13, 2024
Size:

၂၀၂၄ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုကုန်စည်ပြပွဲ၏ ယဉ်ကျေးမှု ခရီးသွားဝန်ဆောင်မှု အထူးပြပွဲကို စက်တင်ဘာလ ၁၂ရက်နေ့မှ ၁၆ရက်နေ့အထိ ဘေကျင်း Shougang Park တွင် ကျင်းပမည်ဖြစ်ပါသည်။ ယခုအကြိမ် ယဉ်ကျေးမှု ခရီးသွားဝန်ဆောင်မှု အထူးပြပွဲ၏ ဆောင်ပုဒ်မှာ သိပ္ပံနည်းပညာဖြင့် ယဉ်ကျေးမှု ခရီးသွားလုပ်ငန်းသစ်အတွက် အားသစ်လောင်းပေးပြီး ဆန်းသစ်တီထွင်မှုသည် ဘဝသစ်ကို ဖန်တီးပေးခြင်း"ဖြစ်ပြီး ယဉ်ကျေးမှုနှင့် သိပ္ပံနည်းပညာပေါင်းစပ်မှု၏ နောက်ဆုံးပြကွက်များကို အဓိက ပြသမည်ဖြစ်သည် ။

ယခုအကြိမ် ယဉ်ကျေးမှု ခရီးသွားဝန်ဆောင်မှု အထူးပြပွဲ၏ ပြခန်းဧရိယာသည် ၁၁,၇၀၀ စတုရန်းမီတာခန့် ကျယ်ဝန်းပြီး လုပ်ငန်းကုမ္ပဏီ ၈၃၂ခု ပါဝင်ပြသမည်ဖြစ်ကြောင်း ဘေကျင်းမြို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ ပြန်ကြားရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Cui Zhijingက စက်တင်ဘာလ ၁၁ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ပြောကြား ခဲ့ပါသည်။