ထိုင်းအစိုးရ ကက်ဘိနက်အဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို

CRI, September 11, 2024
Size:

ဒေသစံတော်ချိန် စက်တင်ဘာလ ၆ ရက်နေ့က ထိုင်းဝန်ကြီးချုပ်သစ် Paetongtarn Shinawatra သည် အစိုးရ ကက်ဘိနက် အဖွဲ့ဝင်အသစ်များကို ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Dusit နန်းတော်၌ ထိုင်းဘုရင် Maha Vajiralongkorn ရှေ့မှောက်တွင်  ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

လက်ရှိ ထိုင်းအစိုးရ ကက်ဘိနက်အဖွဲ့တွင် အဖွဲ့ဝင် ၃၆ ဦး ပါဝင်ပြီး ထိုင်း Phak Phuea Thai ပါတီ၏ ခေါင်းဆောင် Paetongtarn က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ပြီး Phak Phuea Thai ပါတီ၊ bhumjaithai ပါတီ နှင့် United Thai Nation ပါတီ စသည့်ပါတီတို့မှ ဒုတိယဝန်ကြီးချုပ် ၆ ဦးလည်း ပါဝင်ပါသည်။