တရုတ်နိုင်ငံ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက အမိန့် လက်မှတ်ရေးထိုးပြီး "တပ်မတော် ဂေဟစနစ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စည်းမျဉ်း" ကို ထုတ်ပြန်ကာ ယင်းစည်းမျဉ်းသည် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် အာဏာတည်မည် ဖြစ်ပါသည်။
ယင်းစည်းမျဉ်းသည် ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားပြီး ရှီကျင့်ဖိန်၏ အင်အား တောင့်တင်းသော တပ်မတော် တည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်နှင့် ဂေဟစနစ် ယဉ်ကျေးမှု ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အတွေးအခေါ်များကို နက်ရှိုင်းစွာ အကောင်အထည် ဖော်ဆောင်ကာ၊ ကာကွယ်ရေးကို အဓိကထားခြင်း၊ ပြုပြင်မှုနှင့် စီမံခန့်ခွဲမှုကို တစ်ပြိုင်တည်း လုပ်ဆောင်ခြင်း၊ အားလုံး ပါဝင်ခြင်း၊ တပ်မတော်နှင့် ဒေသခံဌာနများ ပူးပေါင်းဆောင်ရွက်ခြင်း မူများကို စွဲကိုင်၍ အစိမ်းရောင် တပ်စခန်းများ တည်ဆောက်ရေးကို အလေးထားကြောင်း ထုတ်ပြန်ချက်အရ သိရပါသည်။