တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုလ ၉ရက်နေ့က သတင်းစာ ရှင်းလင်းပွဲကို ကျင်းပပြီး တရုတ် နိုင်ငံ၏ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အလှည့်ကျ သဘာပတိ နိုင်ငံ အဖြစ် အဓိက လုပ်ငန်းများကို မိတ်ဆက်ခဲ့သည်။
တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီး စွန်ဝေ့တုန်းက တရုတ် နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အလှည့်ကျ သဘာပတိ နိုင်ငံ အဖြစ် တာဝန် ထမ်းဆောင်ခြင်းကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး အဖွဲ့ဝင် နိုင်ငံများနှင့် အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး အဆိုပြုချက်နှင့် ကမ္ဘာလုံး ဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက်ကို ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်ကာ ကမ္ဘာ ရေရှည် ငြိမ်းချမ်းရေးနှင့် အတူတကွ စည်ပင်သာယာရေး အတွက် အပြုသဘောဆောင်သော အကျိုးပြုမှုကို စွမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင်၊ ၄င်းက လာမည့်နှစ်တွင် ကျင့်ပမည့် ထိပ်သီး အစည်းအဝေးသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ မူဘောင် အတွင်း အရေးအကြီးဆုံး လှုပ်ရှားမှု ဖြစ်ပြီး တရုတ် နိုင်ငံ၏ အလှည့်ကျ သဘာပတိ နိုင်ငံ သက်တမ်း အတွင်း အမြုတေ အကျဆုံးသော လှုပ်ရှားမှုလည်း ဖြစ်ကြောင်း၊ ထို့အပြင် တရုတ် နိုင်ငံသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ မူဘောင် အတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု နယ်ပယ်များတွင် အစည်းအဝေးနှင့် လှုပ်ရှားမှု ၁၀၀ကျော်ကို ဦးစီး ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။