သြဂုတ်လ ၂၃ ရက်နေ့တွင် ၂၀၂၄ ခုနှစ် တရုတ်-လန်ချန်းမဲခေါင် ထုတ်လုပ်ရေးနှင့် ပညာရေး ပေါင်းစပ်မှုရလဒ်ပြပွဲနှင့် ဖလှယ်ပွဲကို ကွေ့ရမ်မြို့တွင် ကျင်းပသည်။ လန်ချန်း-မဲခေါင်ဒေသ နိုင်ငံအသီးသီးက ခေါင်းဆောင်များနှင့် ဧည့်သည်များသည် ပညာရေးနှင့် ကုန်ထုတ်လုပ်ရေး နက်နဲစွာ ပေါင်းစပ်ခြင်းဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် တွန်းအားသစ် ထည့်သွင်းပေးခြင်းအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ဤတစ်ကြိမ်လှုပ်ရှားမှုသည် လန်ချန်-မဲခေါင်ဒေသ ကုန်ထုတ်လုပ်ရေးနှင့် ပညာရေးပေါင်းစပ်ခြင်းကို ခေါင်းစဉ်အဖြစ် ချထားပြီး ပညာသင်ကျောင်းအသီးသီးသည် ကုန်ထုတ်လုပ်ရေးနှင့် ပညာရေး ပေါင်းစပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပညာရေး တိုးတက်လာအောင် တွန်းအားပေးသည့် ဥပမာများနှင့် အတွေ့အကြုံများကို မိတ်ဆက်ပေးပြီး ယင်းမိတ်ဆက်မှုများသည် အကြောင်းအရာ ပြည့်စုံသည့်အပြင် ဆန်းသစ်တီထွင်မှုလည်း ရှိသည်။
အစည်းအဝေးသို့ တက်ရောက်သူများသည် ပညာရေးနှင့် ကုန်ထုတ်လုပ်ရေး ပေါင်းစပ်ခြင်းသည် နိုင်ငံအသီးသီးမှ လူငယ်များ၏ အလားအလာနှင့်လည်းကောင်း၊ ဒေသတွင်းစီးပွားရေး ဆက်တိုက်တိုးတက်မှုနှင့်ည်းကောင်း တိုက်ရိုက်ပတ်သက်မှု ရှိကြောင်း၊ ဤတစ်ကြိမ်လှုပ်ရှားမှုကြောင့် ပါဝင်တက်ရောက်သူများသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစနစ်ကို ပိုပြီးနားလည်လာသည့်အပြင် ပူးပေါင်းဆောင်ရွက်မှု လုပ်နိုင်ခြေနှင့် လုပ်နိုင်သည့်ကဏ္ဍများကိုလည်း ပိုပြီးတွေ့ရှိလာကြောင်း၊ နောင်တွင် သူတို့သည် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့ပြုလုပ်ပြီး အဆင့်မြင့်ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး၊ အခြေခံပညာရေး စသောနယ်ပယ်များတွင် တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည် ဖြစ်ပြီး သိပ္ပံနည်းပညာ သုတေသနရလဒ်များကို ကုန်ထုတ်လုပ်မှုတွင် အသုံးပြုရန်၊ ပညာရေးအရင်းအမြစ်ကို စနတကျ စီစဉ်နိုင်ရန် တွန်းအားပေးခြင်းဖြင့် လန်ချန်း-မဲခေါင်ဒေသ ပညာရေးနှင့် ကုန်ထုတ်လုပ်ရေး နက်နဲစွာ ပေါင်းစပ်ရန် အကျိုးပြုမည် ဖြစ်ကြောင်း ပြောကြားသည်။