၂၀၂၄ ခုနှစ် CIFTIS ၏ အားကစား ဝန်ဆောင်မှု အထူးပြပွဲတွင် ပြည်တွင်း ပြည်ပမှ အမှတ်တံဆိပ် ၃၀၀ ကျော် ပါဝင်မည်

CRI, August 30, 2024
Size:

၂၀၂၄ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှု ကုန်သွယ်ရေး ပြပွဲ (China International Fair for Trade in Services) ၏ အားကစား ဝန်ဆောင်မှု အထူးပြပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဘေကျင်းမြို့ရှိ Shougang ဥယျာဉ်၌ ကျင်းပမည်ဖြစ်ပြီး တရုတ်၊ ပြင်သစ်နှင့် အီတလီ စသည့် နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်မှ အမှတ်တံဆိပ် ၃၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

၂၀၂၄ခုနှစ် CIFTIS အားကစား ဝန်ဆောင်မှု အထူးပြပွဲ၏ ဆောင်ပုဒ်မှာ "တက်ကြွသော ဘေကျင်းမြို့၊ အားကစားပြိုင်ပွဲများအတွက် နာမည်ကျော်ကြားသော မြို့" ဖြစ်သည်။