လန်ချန်း-မဲခေါင် “ကပ်ရောဂါအလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး”ဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပ

lmcchina.org, August 30, 2024
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်း “ကပ်ရောဂါအလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး”ဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်မှ ၂၄ ရက် အထိ မြန်မာနိုင်ငံ ပုဂံမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်နှင့် လန်ချန်း-မဲခေါင်နိုင်ငံ အစိုးရဌာနဆိုင်ရာအရာရှိများ၊ ပညာရှင်များ တက်ရောက်ခဲ့သည်။

 

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ်

 

သံအမတ်ကြီး Ma Jia က အမှာစကား ပြောကြားရာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရား ဘက်စုံစတင်သည့် ၈ နှစ်တာကာလအတွင်း ရလဒ်ကောင်းများ အပြည့်အဝ ရရှိခဲ့ပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံအသီးသီးပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေခဲ့ခြင်းကြောင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာခဲ့ကြောင်း၊ ဧည့်သည်တော်များအနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအာရုံစိုက်ကာ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်နှင့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အတူတကွ တွန်းအားပေးဖော်ဆောင်သွားမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ်

 

ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က တရုတ်နိုင်ငံက ရင်းနှီးထည့်ဝင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို ကျေးဇူးတင်ရှိကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားက ဒေသတွင်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မှုအား အပြည့်အဝ အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ma Jia မှ ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်အား တရုတ်ဒေသထွက်အမှတ်တရလက်ဆောင်ပေးနေသည်ကို တွေ့ရစဉ်

 

ဆွေးနွေးပွဲတွင် သံအမတ်ကြီး Ma Jia နှင့် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်တို့က တရုတ်-မြန်မာ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်မှု၊ ခရီးသွားလုပ်ငန်း ပူးပေါင်းမှု မြှင့်တင်ရေးအပေါ်  နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။