ဩဂုတ်လ ၁၈ ရက်နေ့တွင် ၂၀၂၄ လန်ချန်း-မဲခေါင် နိုင်ငံတကာဗီဒီယိုနှင့် ဓာတ်ပုံရက်သတ္တပတ် စတင်ခြင်းအခမ်းအနားသည် တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ယွိရှုမြို့ ကယ်ဆလ်ရင်ပြင်တွင် ကျင်းပခဲ့သည်။
ဤတစ်ကြိမ် ဗီဒီယိုနှင့် ဓာတ်ပုံရက်သတ္တပတ်သည် “မြစ်တစ်သွယ်တည်းမှရေကို သောက်၊ လန်ချန်း-မဲခေါင်ဒေသကို အရောင်ထိုး”ဟူသောခေါင်းစဉ်ကို အဓိကထားပြီး ဗီဒီယိုနှင့် ဓာတ်ပုံများဖြင့် လန်ချန်း-မဲခေါင်ဒေသ၏ရေစက်ဆုံမှုနှင့် လှပမှုကို ပြသခြင်းအားဖြင့် ကမ္ဘာအတွက် လန်ချန်း-မဲခေါင်ဒေသ၏ စီးပွားရေး တိုးတက်မှု၊ ဂေဟဗေဒ ကာကွယ်မှု၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖလှယ်မှု၊ လူမှုဘဝအခြေအနေ တိုးမြင့်မှု စသည့်နယ်ပယ်တွင် ရရှိသည့်အောင်မြင်မှုရလဒ်များကို ဖော်ပြပေးရန် ရည်ရွယ်ထားသည်။ အခမ်းအနား ကျင်းပရာကာလတွင် လန်ချန်း-မဲခေါင်ဒေသမှ သံတမန်အရာရှိများ၊ မီဒီယာလုပ်ငန်းမှ ကိုယ်စားလှယ်များ၊ ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ဆရာများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာနာမည်ကျော်ကြားသူများသည် လန်ချန်း-မဲခေါင်မြစ်တစ်လျှောက်နှင့် မြစ်ဖျာခံဒေသသို့ သွား၍ ဗီဒီယိုနှင့် ဓာတ်ပုံရက်သတ္တပတ် စတင်ခြင်းအခမ်းအနား၊ ရွက်ဖျင်တဲစကားဝိုင်း၊ Z မျိုးဆက်မြစ်ဖျားခံစကားပြောဝိုင်း၊ Sky တေးဂီတပွဲ၊ စူးစမ်းလေ့လာခြင်း စသောလှုပ်ရှားမှုတို့ဖြင့် “မြစ်တစ်သွယ်မှရေကို သောက်ခြင်း၊ ကံကြမ္မာတစ်ဆက်တည်း ဖြစ်ခြင်း” ဟူသောအကြောင်းအရာကို ခံစားသည်။
လန်ချန်း-မဲခေါင်မြစ်သည် ယွိရှုဒေသမှ မြစ်ဖျားခံပြီး ကိုလိုမီတာထောင်သောင်းပေါင်းများစွာ ကွေ့ကွေ့ကောက်ကောက် စီးဆင်း၍ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် ၆ နိုင်ငံကို တစ်ဆက်တည်း ဖြစ်အောင် ချိတ်ထားသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် လန်ချန်း-မဲခေါင် နိုင်ငံတကာဗီဒီယိုနှင့် ဓာတ်ပုံရက်သတ္တပတ်အား လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတုတ္ထကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ နေပြည်တော်ကြေညာချက်တွင် တည့်သွင်းခဲ့ပြီး ၎င်းကို သုံးကြိမ်တိတိ ကျင်းပခဲ့ပြီဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် ဗီဒီယိုနှင့် ဓာတ်ပုံဖြင့် ချင်းဟိုင်ပြည်နည်နှင့် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသောလန်ချန်း-မဲခေါင်ဒေသနိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှု၊ ချစ်ကြည်စွာ ဆက်ဆံမှု တိုးမြင့်လာအောင် တွန်းအားပေး၍ “တန်းတူညီမျှစွာ ဆက်ဆံခြင်း၊ ရိုးသားဖြူစင်သောမေတ္တာြဖင့် အပြန်အလှန် ကူညီခြင်း၊ မိသားစုကဲ့သို့ ခင်မြင်ရင်းနှီးခြင်း”ဟူသော လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကို ပိုပြီး လူသိများစေရန် တွန်းအားခြင်းဖြင့် လန်ချန်း-မဲခေါင်ဒေသတွင် လွှမ်းမိုမှု များပြားသောပလက်ဖောင်တစ်ခု ဖြစ်လာသည်။