လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ပိုမိုနက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဟု ဝမ်ရိ ပြောကြား

lmcchina.org, August 23, 2024
Size:

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၉ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ရာ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုတွင် ရရှိသည့် တက်ကြွဖွယ်ရလဒ်များကို အကျဉ်းချုပ် ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင်

ပထမအနေဖြင့် အေးအတူ ပူအမျှ အသိုက်အဝန်း၏ နိုင်ငံရေး ဘုံသဘောတူညီချက်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ အဆင့်မြင့်အရာရှိ ဆက်ဆံရေးများ ပိုမိုများပြားလာခဲ့ပြီး နိုင်ငံ ဖွံ့ဖြိုးရေး မဟာဗျူဟာချိတ်ဆက်မှုကို အရှိန်မြှင့်တင်နိုင်ခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်တို့ကို တက်ကြွစွာ ဖော်ဆောင်ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အေးအတူ ပူအမျှ အသိုက်အဝန်း၏ ချိတ်ဆက်မှုကွန်ရက်ကို စဉ်ဆက်မပြတ် နီးကပ်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြီး ၂ နှစ်ခွဲကြာကာလတွင် “အရှိန်အဟုန်မြှင့်” တိုးတက်လာရာ သယ်ယူပို့ဆောင်ခဲ့သည့်ခရီးသည် ၃၄ သန်းကျော်၊ ကုန်ပစ္စည်း တန်ချိန် သန်း ၄၀ ကျော် ရှိကြောင်း၊ “လန်ချန်း-မဲခေါင် အမြန်လမ်းကြောင်း”နှင့် တရုတ်-ဥရောပ ရထားလမ်း စသည့်ချိတ်ဆက်သယ်ယူပို့ဆောင်မှုပုံစံ လည်ပတ်မှုသည် ကောင်းမွန်ခဲ့ကြောင်း၊ တရုတ်-လာအို-ထိုင်း ချိတ်ဆက်တိုးတက်ရေး၊ တရုတ်-ဗီယက်နမ် နယ်စပ် ရထားလမ်း၊ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ရေကြောင်းကုန်သွယ်စင်္ကြံသစ်တို့ လက်တွေ့တကျ ခိုင်မာစွာ တိုးတက်ခဲ့ပါကြောင်း၊ လန်ချန်း-မဲခေါင် နယ်စပ်ဖြတ်ကျော်ကုန်းလမ်း၊ ဆိပ်ကမ်း၊ လေဆိပ်၊ လျှပ်စစ်ဓာတ်အား စသည့် “ကုန်း-ရေ-လေကွန်ရက်” အပြန်အလှန် ချိတ်ဆက်မှုသည် အခြေခံအားဖြင့် ပုံစံကျလာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တတိယအနေဖြင့် အေးအတူ ပူအမျှ အသိုက်အဝန်း ဆန်းသစ်တီထွင်မှု မောင်းနှင်အားကို တက်ကြွစွာ တည်ဆောက်ခဲ့ပါကြောင်း၊ လန်ချန်း-မဲခေါင် ဆန်းသစ်တီထွင်မှုစင်္ကြံ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း တည်ဆောက်မှုကို အရှိန်မြှင့်တင်တွန်းအားပေးခဲ့ရာ ဤနှစ်ပိုင်းတွင် ဖော်ဆောင်နိုင်ရန်နှင့် ဒေသတွင်း သိပ္ပံနည်းပညာ လိုအပ်မှု၊ စက်မှုဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ် စီးပွားရေးတို့အား အားသစ်လောင်းပေးမည်ဟု မျှော်လင့်ပါကြောင်း၊ ဒေသတွင်း လုပ်ငန်းသစ်အခြေအနေ၊ နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးရန်အတွက် တရုတ်နိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင်ဒေသ အသက်မွေးဝမ်းကျောင်း နည်းပညာသစ်စွမ်းရည် မြှင့်တင်ရေး သင်တန်းအရင်းအမြစ်စာကြည့်တိုက်ကို ဦးဆောင်တည်ဆောက်လျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် အေးအတူ ပူအမျှ အသိုက်အဝန်း၏ ပြည်သူ့ဆန္ဒပေါင်းကူးတံတားကို အားထားတည်ဆောက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် တရုတ်-ထိုင်း၊ တရုတ်-လာအို ဗီဇာကင်းလွတ်ခွင့် မူဝါဒများ ရှေ့ဆင့်နောက်ဆင့် ဖော်ဆောင်ခဲ့သလို တရုတ်-ကမ္ဘောဒီးယား လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှစ်ကို အဆင်ပြေချောမွေ့စွာ စတင်နိုင်ခဲ့ပါကြောင်း၊ ခြောက်နိုင်ငံ ပြည်သူများ၏ “အပြန်အလှန် ဖလှယ်မှု”မှာ ဆွေမျိုးသဖွယ် ပုံမှန်သွားလာမှုများ ရှိခဲ့ကြကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။