"Jiaolong" ရေငုပ်သင်္ဘောသည် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြား သိပ္ပံပညာရှင် နှင့်အတူ ရေငုပ်လုပ်ငန်းဆောင်ရွက်

CRI, August 19, 2024
Size:

ယခုလ ၁၉ ရက်နေ့တွင် "Jiaolong" လူလိုက်ပါသည့် ရေငုပ်သင်္ဘောသည် ရေငုပ်သင်္ဘောသား Fu Wentao ၊ Zhao Shengya နှင့် Colombia မှ သိပ္ပံပညာရှင် Jaime Andres တို့ဖြင့် အနောက်ပစိဖိတ်ပင်လယ်၌ ၂၀၂၄ အနောက်ပစိဖိတ် နိုင်ငံတကာ စူးစမ်းလေ့လာရေးခရီး၏ ဒုတိယအကြိမ် ရေငုပ်ခြင်းလုပ်ငန်းကို ပြီးမြောက်အောင်မြင်ခဲ့သည်။ ယင်းသည်  "Jiaolong" ရေငုပ်သင်္ဘော၏ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားသိပ္ပံပညာရှင်နှင့်အတူ ရေငုပ်လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သည်။