နွေရာသီအားလပ်ရက်အတွင်း တရုတ်ပြည် တစ်ပြည်လုံးတွင် မီးရထားဖြင့် ခရီးသည်သန်း ၆၀၀ ကျော်ကို သယ်ဆောင်ခဲ့

CRI, August 14, 2024
Size:

နွေရာသီ သယ်ယူပို့ဆောင်ရေး စတင်ချိန်ဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၁၂ နေ့ရက်အထိ တရုတ်ပြည် တစ်ပြည်လုံးတွင် မီးရထားဖြင့် ခရီးသည်သန်း ၆၀၀ ကျော်ကို သယ်ဆောင်ခဲ့ကြောင်း China Railway Group မှ ဩဂုတ်လ ၁၃ ရက်နေ့ထုတ်ပြန်သည့် သတင်းအရ သိရပါသည်။ ထို့ကြောင့် ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၆.၁ရာခိုင်နှုန်း တိုးလာပြီး တစ်နေ့လျှင် ပျမ်းမျှ ခရီးသည် ၁၄ .၀၇ သန်းကို ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။