၂၀၂၄ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံကို ဘေကျင်း၌ ကျင်းပမည်

CRI, August 14, 2024
Size:

၂၀၂၄ခုနှစ် ကမ္ဘာ့စက်ရုပ်ညီလာခံကို သြဂုတ်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပမည်ဖြစ်ပါသည်။ "အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား အတူဖန်တီးခြင်းနှင့် ဉာဏ်ရည်တု အနာဂတ်အသစ်ကို အတူမျှဝေခြင်း" ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ဤညီလာခံသည် စက်မှုကွင်းဆက်ကို အာရုံစိုက်ပြီး ဆန်းသစ်တီထွင်မှုကွင်းဆက်ကို စီမံချထားကာ ဂေဟစနစ်ကွင်းဆက်ကို ဖန်တီးပြီး ကမ္ဘာ့စက်ရုပ်နယ်ပယ်တွင် ဆန်းသစ်တီထွင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအတွက် အားသစ်လောင်းပေးမည်ဖြစ်ပါသည်။