တရုတ်အမျိုးသားစာရင်းအင်းဌာနမှ သတင်းအရ ၂၀၂၄ခုနှစ် ဇူလိုင်လက တရုတ် တစ်ပြည်လုံးမှ စားသုံးသူစျေးနှုန်းသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် 0.5% မြင့်တက်လာပြီး၊ ၄င်းအနက် မြို့ပြများတွင် 0.5% မြင့်တက်လာသကဲ့သို့ ကျေးရွာများတွင် 0.7%မြင့်တက်လာခဲ့ကြောင်း၊ ယခုနှစ် ပထမ ၇ လပိုင်းက တစ်ပြည်လုံးစားသုံးသူ စျေးနှုန်းသည် ပျမ်းမျှအားဖြင့် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် 0.2% မြင့်တက်လာကြောင်း သိရပါသည်။