မကြာခင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ် ထိန်းသိမ်းကာကွယ်မှု အားဖြည့် ဆောင်ရွက်ရေး၊ ဆက်ခံရေး၊ အသုံးပြုရေးတို့နှင့် ပတ်သက်၍ အရေးကြီးညွှန်ကြားခဲ့ပြီး အလွှာပေါင်းစုံမှ စိတ်အားထက်သန်စွာ တုံ့ပြန်ခဲ့ကြပါသည်။ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး ညွှန်ကြားချက်ပါ အနှစ်သာရများကို စေ့စေ့စပ်စပ် လေ့လာပြီး အကောင်အထည်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ လက်တွေ့ကျသော လုပ်ဆောင်ချက်များ ဖြင့် တရုတ်လူမျိုးများ၏ ယဉ်ကျေးမှုနှင့် သဘာဝအဖိုးတန်ရတနာများကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ပြီး ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကို ခေတ်သစ်တွင် ရှင်သန်အားနှင့် ထက်မြက်မှုအသစ်များ နုပျိုတောက်ပစေမည်ဖြစ်ကြောင်း လူတိုင်းက ဖော်ပြခဲ့ကြသည်ဟု သတင်းအရသိရပါသည်။