ယခုနှစ် ပထမ ၇လပိုင်းတွင် တရုတ်တစ်ပြည်လုံး၌ မီးရထားဆိုင်ရာ ပုံသေပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံရေးပမာဏသည် တရုတ်ငွေယွမ် ၄၁၀.၂ဘီလီယံရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၁၀.၅ ရာခိုင်နှုန်း တိုးများလာ

CRI, August 8, 2024
Size:

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်တစ်ပြည်လုံးမီးရထား ဆိုင်ရာ ပုံသေပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံရေးပမာဏသည် တရုတ်ငွေယွမ် ၄၁၀.၂ဘီလီယံရှိပြီး ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၁၀.၅ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ခေတ်မီ မီးရထား အခြေခံ အဆောက်အအုံစနစ်ကို ပိုမိုလျင်မြန်စွာ တည်ဆောက်နေကြောင်း၊ တရုတ်နိုင်ငံ မီးရထားကွန်ရက် ပမာဏနှင့် အရည်အသွေး တစ်ဆင့်တိုး တိုးမြင့်လာကြောင်း China State Railway Group Co.,Ltd.မှ သတင်းအရ သိရပါသည်။