“မြစ်ကြီးကို အတူတကွ အသုံးပြုပြီး နောင်အလားအလာကို အတူတကွ ခံစား”ဟု မဲခေါင်မြစ်ကော်မတီ အတွင်းရေးမှူးရုံးမှ ဦးဆောင်ညွှန်ကြားရေးမှူး ပြောကြား

lmcchina.org, August 2, 2024
Size:

မဲခေါင်မြစ်ကော်မတီ အတွင်းရေးမှူးရုံးမှ ဦးဆောင်ညွှန်ကြားရေးမှူး Anoulak Kittikhoun သည် မကြာခင်က China.Org.cn နှင့် အင်တာဗျူး ပြုလုပ်ရာတွင် ”ကျွန်တော်တို့ဟာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုပုံစံကို လက်ခံနှစ်သက်ပြီး မြစ်ကြီးကို အတူတကွ အသုံးပြုပြီး နောင်အလားအလာကို အတူတကွ ခံစားမယ် ”ဟု ပြောကြားပါသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် လန်ချန်း-မဲခေါင် ၆ နိုင်ငံ၏ လန်ချန်းမြစ် မြစ်ဖျား ပူးတွဲစူးစမ်းလေ့လာရေးလှုပ်ရှားမှုသည် ချင်းဟိုင်ပြည်နယ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် Anoulak Kittikhoun သည် လန်ချန်း-မဲခေါင် ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် ပူးတွဲစူးစမ်းလေ့လာမှုလုပ်ငန်းတို့၏အရေးကြီးပုံကို ဖော်ပြခဲ့သည်။ ဤတစ်ကြိမ် သမိုင်းဝင်သော စူးစမ်းလေ့လာမှုလုပ်ငန်းသည် လန်လျန်း-မဲခေါင် ရေသယံဇာတ ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနနှင့် မဲခေါင်မြစ်ကော်မတီ အတွင်းရေးမှူးရုံးတို့ ပထမဆုံးတစ်ကြိမ် ဖွဲ့စည်းသော၊ ၆ နိုင်ငံ ပါဝင်သော မဲခေါင်မြစ် မြစ်ဖျား ပူးတွဲစူးစမ်းလေ့လာရေးလုပ်ငန်း ဖြစ်ကြောင်း၊ ဤတစ်ကြိမ် ပူးပေါင်းဆောင်ရွက်မှုသည် လန်ချန်-မဲခေါင်မြစ်၏ အထက်ပိုင်းအခြေအနေကို သိရှိနားလည်ရန်အတွက် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ မဲခေါင်မြစ်ကော်မတီသည် ဤပလက်ဖောင်အတွက် အကျိုးပြုပြီး ၆ နိုင်ငံစလုံးသည် သက်ဆိုက်ရာအချက်အလက်ကို အတူမျှဝေခံစားခြင်းဖြင့် အကျိုးခံစား ရရှိလာနိုင်အောင် ကူညီပေးရန် ဆန္ဒရှိကြောင်း ပြောကြားသည်။

လက်ရှိပြုလုပ်နေသော ပူးတွဲစူးစမ်းလေ့လာမှုလုပ်ငန်းသည် အချက်အလက်များကို တိုက်ရိုက်ရှာဖွေစုစည်းနိုင်ပြီး အဆက်မပြတ် ပြောင်းလဲလျက်ရှိသော မြစ်ရေအခြေအနေကို ရင်ဆိုင်နိုင်၍ ထိရောက်မှု ရှိသောမဟာဗျူဟာကို ရေးဆွဲချမှတ်နိုင်ရန်၊ သက်ဆိုင်ရာနိုင်ငံများအတွက် မြစ်ကြောင်းနဲ့ပတ်သက်သောအကျိုးစီးပွားကို အတတ်နိုင်ဆုံး သယ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားသည် ဖြစ်ကြောင်း Anoulak Kittikhoun က ဆက်လက်ပြောကြားသည်။

ထို့ပြင် Anoulak Kittikhoun သည် လန်ချန်မြစ်မြစ်ဖျားကို ကာကွယ်ရန် တရုတ်အစိုးရ၏ကြိုးပမ်းမှုနှင့် ဖွံ့ဖြိုးမှုစီမံကိန်းများ ပြုလုပ်ရာတွင် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးကို အလေးထားထည့်သွင်းစဉ်းစားမှုအပေါ် နှစ်နှစ်ကာကာချီးကျူးခဲ့သည်။ လန်ချန်းမြစ် မြစ်ဖျားဒေသတစ်လျှောက်၏ လှပသောရှုခင်းများသည် ၎င်းဖြစ်ဖျားအပေါ် တရုတ်ပြည် ကောင်းကောင်းကာကွယ်‌ပေးနေခြင်း၏သက်သေ ဖြစ်ကြောင်း Anoulak Kittikhoun က ပြောကြားသည်။ ထို့ပြင် စက်တင်ဘာလ၊ သို့မဟုတ် အောက်တိုဘာလတွင် ၆ နိုင်ငံကို ဖိတ်ကြား၍ လန်ချန်း-မဲခေါင်မြစ်၏အောက်ပိုင်းကို ဒုတိယအကြိမ် ပူးတွဲစူးစမ်းလေ့လာရန်နှင့် ပိုမိုများပြားသောအကြံပြုချက် ကောက်ခံရန် စီစဉ်‌နေကြောင်း Anoulak Kittikhoun က ပြောကြားခဲ့သည်။