ဒုတိယ အကြိမ်မြောက် "New Era, New Vision" ပြည်တွင်း ပြည်ပ ပူးတွဲ ဖန်တီးရေးအစီအစဉ် တရားဝင် စတင်

CRI, August 1, 2024
Size:

  ဒုတိယ အကြိမ်မြောက် " New Era, New Vision" ပြည်တွင်း ပြည်ပ ပူးတွဲ ဖန်တီးရေးအစီအစဉ် စတင်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့က ဟူနန် ပြည်နယ် ချန်ရှားမြို့၌ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား အယ်ဒီတာများသည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

   ယင်းအစီအစဉ်သည် တရုတ် International Communications Group၊ China Media Group ရုပ်ရှင် ရုပ်မြင်သံကြား မှတ်တမ်းတင်ကားစင်တာ ၊ CCTV-9 စသည့် ဌာနများ ပူးတွဲ ဦးစီးကျင်းပခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းအား မှတ်တမ်းတင်ကား၊ ဗီဒီယိုအတို စသည့် ရုပ်သံလက်ရာများကို ကောက်ခံရန် ဖြစ်သည်။ အရွေးခံရသည့် လက်ရာများသည် ပြည်တွင်းပြည်ပမှ ပင်မ မီဒီယာများနှင့် မီဒီယာသစ် ပလက်ဖောင်းများတွင် ထုတ်လွှင့် ပြသနိုင်မည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်ကို အောက်ပါ ဝက်ဘဆိုက်တွင် ဝင်ကြည့်ပါ။