China Media Groupနှင့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိ

CRI, July 30, 2024
Size:

ဇူလိုင်လ ၂၉ ရက်နေ့တွင် China Media Groupနှင့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့တို့သည် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးသတင်းထုတ်လွှင့်ပြသခြင်း၊ ခရီးသွားအမှတ်တံဆိပ်မြှင့်တင်ခြင်းနှင့် မီဒီယာများကြား လှုပ်ရှားမှု ကျင်းပခြင်းစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။ တရုတ်နိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ Urosevic တို့ ရှေ့မှောက်၌ ယင်းပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို ချုပ်ဆိုခဲ့သည်။

ရှင့်ဟိုင်ရှုံက မီဒီယာနှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း၏ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုသည် အကန့်အသတ်မရှိ အလားအလာရှိကြောင်း၊ ယခုနှစ်များတွင် China Media Group သည် ဘာသာစကားပေါင်းစုံ၏ အားသာချက်များကို အသုံးချပြီး ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့နှင့် ထိရောက်မှုရှိသော လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု များစွာကို ပြုလုပ်ခဲ့ကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသတင်းများကို ဆက်တိုက်ထုတ်ပြန်ပြီး ခရီးသွားလုပ်ငန်း အခြေအနေသစ်များကို ဖန်တီး ပေးရန် အထောက်အကူပြုကြောင်း ပြောကြားခဲ့ပါသည်။

Urosevic က ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အား ရေရှည်ထောက်ခံမှုအတွက် China Media Group အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။