လန်ချန်းမြစ်အရင်းအမြစ် ရုန်ရှီချိုင့်ဝှမ်းရှိ လို့သို ရေကန်အား ဝေဟင်ထက်မှ တွေ့ရစဉ်
ချင်းဟိုင်ပြည်နယ် ယွိစု ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျာတောခရိုင်တွင် ဇူလိုင်လ ၁၈ ရက်က လန်ချန်း-မဲခေါင်ခြောက်နိုင်ငံမှ လာသော ရေအရင်းအမြစ်ပညာရှင် ၃၀ ဦးသည် လန်ချန်းမြစ် အရင်းအမြစ်ရှိ ချွမ်ဟွာချောက်ကမ်းပါး၊ ရုန်ရှီချိုင့်ဝှမ်းရှိ လို့သို ရေကန် စသည့် Karst ဘူမိအသွင်အပြင်များအား ပူးတွဲလေ့လာခဲ့ကြရာ မြစ်ရေအရင်းအမြစ်၏ သမိုင်းဖြစ်တည်ပုံကို လေ့လာခဲ့ကြသည်။ လန်ချန်းမြစ်ရေအရင်းအမြစ်ဒေသတွင် Karst ဘူမိအသွင်အပြင်များစွာ ရှိပြီး ပုံသဏ္ဌာန်အမျိုးမျိုးအသွင်သွင် ရှိကြရာ မြေလွှာဇုန်အလိုက် ခြားနားမှု အတိုင်းအတာတစ်ခုစီ ရှိကြောင်း၊ ၎င်းမှာ နီယိုဂျင်း(Neogene)ကာလ၌ ဖြစ်တည်ခြင်း ဖြစ်ပြီး အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသတွင် တည်ရှိပြီး ဘူမိဗဒတွင် Tectonic uplift ဖြစ်ပေါ်လာခြင်းကာလနှင့် ကိုက်ညီပေသည်။
လန်ချန်းမြစ် ရေအရင်းအမြစ်ကို လာရောက်ပူးတွဲလေ့လာကြသော လန်ချန်း-မဲခေါင်နိုင်ငံများမှ ရေအရင်းအမြစ်ပညာရှင်များအား တွေ့ရစဉ်
လန်ချန်းမြစ် ရေအရင်းအမြစ်ရှိ ချွမ်ဟွာ ချောက်ကမ်းပါးအား တွေ့ရစဉ်
လန်ချမ်းမြစ် ရေအရင်းအမြစ် ဖြစ်သော ကျားအားချွီမြစ်နှင့် ကျားနချွီမြစ်ကြောင်း ဆုံစည်းရာနေရာအား တွေ့ရစဉ်
လန်ချန်းမြစ် ရေအရင်းအမြစ်၌ လန်ချန်း-မဲခေါင်နိုင်ငံများမှ ရေအရင်းအမြစ်ပညာရှင်များ ပူးတွဲလေ့လာရေး ပြုလုပ်နေစဉ်