ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့က ဂျီနီဗာ၌ ကျင်းပသည့် (နျူကလီးယား လက်နက် မပြန့်ပွားစေရေးဆိုင်ရာ သဘောတူစာချုပ်) ၁၁ ကြိမ်မြောက် စိစစ်ဆွေးနွေးရေး ညီလာခံ ဒုတိယအကြိမ် ပြင်ဆင်မှုအစည်းအဝေး ယေဘုယျအချေအတင် ဆွေးနွေးပွဲတွင် တရုတ်ကိုယ်စားလှယ်က မိန့်ခွန်း ပြောကြားခဲ့ပါသည်။ တရုတ် ကိုယ်စားလှယ်မှ မဟာဗျူဟာအန္တရာယ်များ ထိရောက်စွာ လျှော့ချရန်အတွက် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံ ၅ နိုင်ငံတို့အနေနှင့် ညှိနှိုင်းဆွေးနွေးပြီး "အချင်းချင်း နျူကလီးယားလက်နက်ကို ပထမဦးဆုံး အသုံးမပြုရေးစာချုပ်” ချုပ်ဆိုရန် တရုတ်နိုင်ငံမှ အဆိုတင်သွင်းကြောင်း ပြောကြားခဲ့ပါသည်။