ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ၈ ကြိမ်မြောက် လန်ချန်း-မဲခေါင်ဒေသ စီမံအုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လူငယ်များ ဆန်းသစ်တီထွင်ရေး ဒီဇိုင်းရေးစွဲခြင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲရလဒ်ကို ထိုင်းနိုင်ငံ Prince of Songkla University ၏ ဖြူကစ်(Phuket)ကျောင်းဝင်းတွင် ကြေညာလိုက်သည်။ ဤတစ်ခါပြိုင်ပွဲတွင် လန်ချန်း-မဲခေါင် ၆ နိုင်ငံ၊ တက္ကသိုလ်ကျောင်း ၉ ကျောင်းမှ ကျောင်းသူကျောင်းသား ၂၈၈ ဦးသည် ဒီဇိုင်းလက်ရာပေါင်း ၉၆ ခုကို တင်သွင်းပြိုင်ဆိုင်ခဲ့၍ အဖွဲ့အစည်း ၂၀ နှင့် ဝင်ရောက်ယှဉ်ပြိုင်သူ ၆၀ သည် ဗိုလ်လုပွဲသို့ ပါဝင်ခွင့် ရရှိခဲ့သည်။ နောက်ဆုံးတွင် “တန်ဖိုအရှိဆုံးခေါင်းစဉ်”၊ “ဆန်းသစ်တီတွင်မှုအကောင်းဆုံးအဖွဲ့အစည်း”၊ “အကောင်းဆုံး နိုင်ငံဖြတ်ကျော်အဖွဲ့အစည်း”နှင့် ”အကောင်းဆုံးအကောင်အထည်ဖော်စီမံကိန်း”ဟူသော ဆု ၄ မျိုးကို ရွေးချယ်ချမှတ်လိုက်သည်။
“ကျွန်မက ငွေရေးကြေးရေးဘာသာရပ်ကို သင်ယူနေသဖြင့် ဈေးကွက်ကိုပဲ အဓိက လေ့လာပါတယ်။ ဒါပေမဲ့ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံမှ လာတဲ့ နိုင်ငံတကာရေးရာဘာသာရပ် သင်ယူတဲ့ ကျောင်းနေဖက်တွေနဲ့ ပူးပေါင်းတဲ့အခါ မတူတဲ့ဒေသမှ ဒေသခံတွေရဲ့စဉ်းစားမှုပုံစံကို ထည့်သွင်းစဉ်းစားရခြင်းဆိုတဲ့ လုပ်ငန်းပုံစံ ရရှိလာပါြပီး ကျွန်မတို့ရဲ့စီမံကိန်းမှာ မူလက ထည့်သွင်းနေတဲ့ Building air filter ကို လန်ချန်း-မဲခေါင်ဒေသမှ ဒေသခံတွေအတွက် ပိုပြီး အသုံးဝင်တဲ့ mask filter အဖြစ် ပြောင်းလဲလာခဲ့ပြီး နောက်ဆုံးတွင် “အကောင်းဆုံး နိုင်ငံဖြတ်ကျော်အဖွဲ့အစည်း” ဆိုတဲ့ဆု ရရှိလာပါတယ်”လို့ စွမ်စီးဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးတက္ကသိုလ်မှ ပြိုင်ပွဲပါဝင်သော ကျောင်းသူ Meng Shiting က ပြောကြားသည်။