တရုတ်-ကမ္ဘောဒီးယား တက္ကသိုလ်ကျောင်းသားကျောင်းသူများ စွန့်ဦးတီထွင်လုပ်ငန်း လေ့လာသင်ယူရေးသင်တန်း ပထမကာလ စတင်

lmcchina.org, July 19, 2024
Size:

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး မူဘောင်အောက်ရှိ လူငယ်လူရည်ချွန် ပျိုးထောင်ရေးကဏ္ဍသည် အားမာန်သစ်များ ပြည့်ဖြိုးလျက်ရှိသည်။ တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ပညာရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းကဏ္ဍတို့တွင် အပြန်အလှန် ပေါင်းစည်းမြှင့်တင်ရေး အတူဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ ပိုမို နီးကပ်သော နှီးနွယ်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုယန္တရား တည်ဆောက်လျက်ရှိပါသည်။ ယခုရက်ပိုင်းများတွင် ကမ္ဘောဒီးယား Asia Euro University မှ ကျောင်းသူကျောင်းသား ၂၀ ဦးသည် ဝန်းကျိုးနည်းပညာတက္ကသိုလ်သို့ လာရောက်၍ ရက်သတ္တပတ် တစ်ပတ်ကြာ လေ့လာဖလှယ်မှုများ ပြုလုပ်ခဲ့သည်။

လေ့လာသင်ယူရေးကာလတွင် ဝန်ကျိုးနည်းပညာတက္ကသိုလ်သည် ကမ္ဘောဒီးယားနိုင်ငံ ကျောင်းသားကျောင်းသူများအတွက် စွန့်ဦးတီထွင်လုပ်ငန်း ပညာရေး၊ ဒီဂျစ်တယ် သင်ရိုးညွှန်းတမ်း၊ စမတ်သင်တန်း၊ တရုတ်ဘာသာစကားသင်တန်း စသည့် ပညာသင်ကြားဖလှယ်မှုများ လုပ်ဆောင်ပေးခဲ့သလို ဈေးကွက်လေ့လာမှု၊ ယဉ်ကျေးမှုကိုယ်တိုင်လေ့လာခြင်း စသည့် ဘက်စုံ လက်တွေ့ ကျောင်းတွင်းကျောင်းပြင် လေ့လာရေးလှုပ်ရှားမှုများ လုပ်ဆောင်ပေးခဲ့သည်။ ဘက်ပေါင်းစုံ၊ အလွှာအသီးသီးမှ ရရှိသော ပညာသင်ယူမှု အတွေ့အကြုံများက ကမ္ဘောဒီးယား ကျောင်းသားကျောင်းသူများ ဝန်ကျိုးကို သိရှိစေသလို ဝန်းကျိုး၏ စီးပွားရေးပတ်ဝန်းကျင်ကို လေ့လာနားလည်မှု၊ ဒီဂျစ်တယ် စမတ် သင်ယူမှု၏ဆွဲဆောင်မှုကို ခံစားနိုင်ခဲ့ပါသည်။ ၎င်းမှာ ကျောင်းသားကျောင်းသူများ၏ စွန့်ဦးတီထွင်လုပ်ငန်းစွမ်းရည်ကို မြှင့်တင်ပေးရုံသာမက တရုတ်-ကမ္ဘောဒီးယားနှစ်နိုင်ငံ ယဉ်ကျေးမှု အပြန်အလှန် သင်ယူဖလှယ်ရေးကိုပါ မြှင့်တင်နိုင်ပြီး တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခြင်း ဖြစ်ရာ လန်ချန်း-မဲခေါင် ဒေသဖွံ့ဖြိုးရေးအတွက် အင်သစ်အားသစ် ပြည့်ဖြိုးစေခဲ့ပါသည်။