တရုတ်နိုင်ငံ ၁၄၄ နာရီ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာမူဝါဒကို ကျင့်သုံးသည့်ဂိတ် ၃၇ ခု အထိ တိုးလာ

CRI, July 18, 2024
Size:

တရုတ်နိုင်ငံတော်လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးဌာနမှ ဇူလိုင်လ ၁၅ရက်နေ့က ကြေညာ ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် Zhengzhou Xinzheng အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ Lijiang Sanyi အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Mohan မီးရထားဘူတာ တို့သည် ၁၄၄ နာရီကြာ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ မူဝါဒကိုကျင်းသုံးသည့် ဂိတ်အသစ် ၃ခု ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ယခုအချိန်အထိ တရုတ်နိုင်ငံတွင် ၁၄၄ နာရီကြာ ဗီဇာ ကင်းလွတ်ခွင့်ဆိုင်ရာ မူဝါဒကို ကျင်းသုံးသည့် ဂိတ် ၃၇ခုအထိ တိုးလာခဲ့သည်။