လန်ချန်း-မဲခေါင် အနာဂတ် သံတမန်အရာရှိ ပျိုးထောင်ရေးသင်တန်းအစီအစဉ် တာ့လျန်မြို့ ဆေးတက္ကသိုလ်တွင် ကျင်းပ

lmcchina.org, July 12, 2024
Size:

ပြီးခဲ့သည့်ရက်များက ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် အနာဂတ် သံတမန်အရာရှိ ပျိုးထောင်ရေးသင်တန်း အစီအစဉ် “ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအား တွန်းအားပေး၍ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အထောက်အပံ့ပြုမည်” မွမ်းမံသင်တန်းကို တာ့လျန် ဆေးတက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့ရာ ကျောင်းများ၌ ပညာသင်နေသော ကျောင်းသူကျောင်းသားများနှင့် တရုတ်နိုင်ငံသို့ လာရောက်ကြသောပညာတော်သင်များ အယောက် ၆၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။

“လန်ချန်း-မဲခေါင် အနာဂတ် သံတမန်အရာရှိ ပျိုးထောင်ရေးသင်တန်းအစီအစဉ်”သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အမှတ်တံဆိပ်စီမံကိန်း ဖြစ်ရာ လန်ချန်း-မဲခေါင် ၆ နိုင်ငံ လူငယ်များ ဖလှယ်ရေးအတွက် ပလက်ဖောင်းတည်ဆောက်ပေးရန်၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု သံတမန် လူရည်ချွန် ပျိုးထောင်ပေးရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။ ဤအကြိမ် မွမ်းမံသင်တန်းတွင် အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲ၊ စကားဝိုင်းဖိုရမ်၊ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် လန်ချန်း-မဲခေါင်ခေါင်ဆောင်များ နမူနာအစည်းအဝေး စသည်တို့ ပါဝင်ပေသည်။

သင်တန်းကာလတွင် ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖုသန်း တက္ကသိုလ်၊ တရုတ်နိုင်ငံ နိုင်ငံတကာရေးရာသုတေသနဌာန၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟုသုတစင်တာ၊ တာ့လျန် နိုင်ငံခြားဘာသာတက္ကသိုလ် စသည်တို့မှ ပညာရှင်ပေါင်း ၂၀ ကျော်က သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။ လန်ချန်း-မဲခေါင် ၆ နိုင်ငံ သင်တန်းသား ကိုယ်စားလှယ်များက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မည်သို့ မြှင့်တင်ကာ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး အထောက်အပံ့ပေးမည့် အမြင်သဘောထားများကို ဖလှယ်ပြီး ဉာဏ်ပညာအကျိုးဆောင်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအခမ်းအနားပြီးနောက် သင်တန်းသားများက တာ့လျန် ဆေးတက္ကသိုလ်နှင့် လွီရွှံ့ပြတိုက် စသည့်နေရာများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း၊ တရုတ်နိုင်ငံကို နားလည်သိရှိစေရန်၊ ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာရန်၊ လန်ချန်း-မဲခေါင် ချစ်ကြည်ရေး ကျယ်ပြန့်စေရန် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။