“Generation Z” လန်ချန်း-မဲခေါင် Short Video XIU သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝန်ရှန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသို့ ဇွန်လ ၂၀ ရက်မှ ၂၃ ရက်တွင် ရောက်ရှိလာပြီ ဖြစ်သည်။ ဒေသခံ၏ သာယာလှပသော သဘာဝရှုခင်းများ၊ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့အငွေ့အသက်များ၊ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းလာသည့် ဒြပ်မဲ့ယဉ်ကျေးမှုများသည် လန်ချန်း-မဲခေါင်နိုင်ငံအသီးသီးမှ လူငယ်များကို သာယာနစ်မြောသည်။
“မျက်နှာကို ဆေးရောင်ခြယ်၊ တစ်ကိုယ်လုံးကို အမည်းရောင် သုတ်ကာ ဆုမွန်ကောင်း တောင်းကြတာကိုး” ဝန်ရှန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ချူးပေးခရိုင် ဖူကျဲဟေ ရှုခင်းသာဧရိယာတွင် Short Video တီထွင်ဖန်တီးမှုအဖွဲ့မှ အဖွဲ့ဝင်များသည် ရေကန်ပေါ်တွင် လှေစီးကာ ဧကထောင်ပေါင်းများစွာ ရှိသော ကြာကန်၏ သာယာလှပသော ရှုခင်းများကြားတွင် ရင်ခုန်လှုပ်ရှားစွာ ရေကစားကြပါသည်။ ထို့နောက် ကြာပန်း ပျော်ပွဲစား၊ “မက်မွန်းပန်း ပင်လယ်ရေခူ”အကကို သင်ယူခဲ့ကြရာ မျက်နှာကို ဆေးရောင်ခြယ်၍ ဝန်ဆန်း၏ တိုင်းရင်းသား ဓလေ့ရိုးရာ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏စွဲဆောင်မှုကို ခံစားကြပါသည်။ ထို့ပြင် ဝန်ဆန်း၏ ကြည်နူးဖွယ်ရာပျော်ရွှင်မှုကို Short Video ဖန်တီးရန် လက်ထဲက ကင်မရာနှင့် ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်ကြသည်။
မြန်မာပညာတောင်သင် ဝမ်ဝေသည် ယူနန်ပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဖူကျဲဟေသို့ ရောက်လျှင်ရောက်ချင်း သူက ဝန်ဆန်း၏သာယာလှပမှုကို မြတ်နိုးနှစ်ခြိုက်ခြင်းကြောင့် ထိုရက်ပိုင်းများတွင် ဝန်ရှန်း မှတ်တမ်းတင် Short Video များစွာရိုက်ကူးခဲ့သည်။ “ကျွန်တော် ရိုက်ကူးတဲ့ ဗီဒီတွေကို အွန်လိုင်းမှာ တင်မယ်။ တရုတ်နိုင်ငံရဲ့ဆွဲဆောင်မှု၊ ယူနန်ရဲ့ဆွဲဆောင်မှုကို ကိုယ့်မြန်မာလူမျိုးတွေလည်း မြင်တွေ့နိုင်အောင်ပေါ့။ ယူနန်၊ ဝန်ဆန်းရဲ့ မတူညီတဲ့ ယဉ်ကျေးမှုကိုလည်း လာရောက်ခံစားကြည့်စေချင်တယ်” ဟု ၎င်းက ဆိုသည်။
ဒီအစီအစဥ်မှာ ပါဝင်ရတာက ကျွန်မဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲဟု ဗီယက်နမ်ပညာတော်သင် လီဟွမ်ယဲ့က ပြောသည်။ ဤခရီးစဉ်သည် တိုတောင်းသော်လည်း နိုင်ငံအသီးသီးမှ သူငယ်ချင်းများနှင့် အပြန်အလှန် ရင်းနှီးစွာ ဖလှယ်မှုများက သူမအား ဗဟုသုတများစွာရသည့်အပြင် "ယူနန်၏ နေထိုင်မှုဘဝ"ကို ခံစားခဲ့ရပြီး ဘဝတွင် အလှပဆုံးရှုခင်းများကို မြင်တွေ့ခဲ့ရသည်။