လန်ချန်း-မဲခေါင် တရုတ်တိုင်းရင်းဆေးကုသရေးနှင့် တရုတ်တိုင်းရင်းဆေးပညာဖလှယ်ရေးစင်တာကို ကမ္ဘောဒီးယားတွင် ဖွင့်လှစ်

lmcchina.org, July 5, 2024
Size:

ဇွန်လ ၂၅ ရက်နေ့ လန်ချန်း-မဲခေါင် တရုတ်တိုင်းရင်းဆေးကုသရေးနှင့် တရုတ်တိုင်းရင်းဆေးပညာ ဖလှယ်ရေးစင်တာကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ကိုစမာ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးဆေးရုံတွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံမှ တရုတ်တိုင်းရင်းဆေး သုတေသနဌာနလက်အောက်က ကွမ်အန်မိန်ဆေးရုံ လက်ခံပြုပ်လုပ်သော ၎င်းစီမံကိန်းသည် အာရှပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေစီမံကိန်း ဖြစ်၍ ၎င်း၏ ရည်ရွယ်ချက်သည် လန်ချန်း-မဲခေါင် သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းနှင့် လန်ချန်း-မဲခေါင် ကျန်းမာရေး အေးအတူ ပူအမျှ အသိုက်အဝန်းကို ထူထောင်ခြင်း ဖြစ်သည်။

ယင်းစီမံကိန်းသည် ကမ္ဘောဒီးယားကို အခြေစိုက်ပြီး ကမ္ဘောဒီးယားရှိ တရုတ်ဆေးကုသရေးအသင်း၏ လုပ်ငန်းများ အခြေခံကာ ကွမ်အန်မိန်ဆေးရုံနှင့် ကိုစမာ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးဆေးရုံချင်း၏ ပူးပေါင်းဆောင်ရွက်မှုကို အားကိုး၍ ‌တရုတ်တိုင်းရင်းဆေးကုသရေး၊ တရုတ်တိုင်းရင်းဆေးပညာ သင်ကြားရေး၊ တရုတ်တိုင်းရင်းဆေးယဉ်ကျေးမှုဖလှယ်ရေးတို့ကို တွဲဖက်အကောင်းအထည်ဖော်သည့် ဒေသဆိုင်ရာ တရုတ်တိုင်းရင်းဆေးပညာ ဖလှယ်ရေးစင်တာတစ်ခု ဖြစ်သည်။ အခမဲ့ကုသပေးခြင်း၊ ဖိုရမ် ကျင်းပခြင်း၊ ပညာ‌ပေးသင်တန်း ပြုလုပ်ခြင်း၊ တရုတ်တိုင်းရင်းဆေး ယဉ်ကျေးမှု ပုံပြအခန်း ထူထောင်ခြင်းတို့ဖြင့် တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံအစိုးရ ပူးပေါင်းပြီး ထူထောင်လာသော ပထမဆုံး  တရုတ်တိုင်းရင်းဆေး ကုသမှုစင်တာကို လန်ချန်း-မဲခေါင်ဒေသဆိုင်ရာ တရုတ်တိုင်းရင်းဆေးပညာ ဖလှယ်သည့် ပလက်ဖောင်းတစ်ခုအဖြစ် ထူထောင်မည် ဖြစ်သည်။

ကမ္ဘောဒီးယားရှိ တရုတ်ဆေးကုသရေးအသင်းမှ တာဝန်ရှိသူ Yuan Geng သည် လန်ချန်း-မဲခေါင် တရုတ်တိုင်းရင်းဆေးကုသရေးနှင့် ဖလှယ်ရေးစင်တာသည် တရုတ်တိုင်းရင်းဆေးကို လန်းချန်း-မဲခေါင်နိုင်ငံများအတွင်း မူဝါဒချင်း ဖလှယ်ခြင်း၊ အချက်အလက်နှင့် သယံဇာတ အပြန်အလှန်ဖလှယ်ခြင်း၊ ကုန်သယ်ရေး လွယ်ကူခြင်း၊ နည်းပညာ ဖလှယ်ခြင်း၊ ပြည်သူများ အပြန်အလှန် နားလည်စေခြင်း စသောတာဝန်များကို အကောင်အထည်ဖော်ရန် အသုံးပြုမည် ဖြစ်ကြောင်း၊ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးစနစ် ပိုမိုပြည့်စုံကောင်းမွန်လာအောင် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်တိုင်းရင်းဆေးကုသမှုကို လန်ချန်း-မဲခေါင်နိုင်ငံများနှင့် အတူခံစားရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံများနှင့် လူမှုရေးနှင့် ယဉ်ကျေးမှု ပိုမိုနီးကပ်စွာ ဖလှယ်နိုင်ရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်တိုင်းရင်းဆေးပညာ ပိုမိုထွန်းကားလာအောင်နှင့် တရုတ်နှင့် မဲခေါင်နိုင်ငံများချင်း၏ ချစ်ကြည်ရေး ပိုမိုခိုင်မာလာအောင် တွန်းအားပေးမည် ဖြစ်ကောင်း ပြောကြားသည်။